အတိတ်ကိုချန်ထား
19.3.2022(Saturday)
ဖိလိပ္ပိ ၃:၁၃“ညီအစ်ကိုတို့ ငါကိုင်မိပြီဟုကိုယ်ကိုကိုယ်မထင်သော်လည်း ငါပြုသောအမှုတစ်ခုဟူမူကား၊ နောက်ကျသောအရာတို့ကိုမမှတ်ဘဲ၊ရှေ့၌ရှိသောအရာတို့ကိုလှမ်းကမ်း၍..”
အတိတ်ကိုချန်ထားပြီး ဘုရားသခင်၏အမှုတော်မြတ်အတွက် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သောသူများထဲတွင် ရှင်ပေါလု၏အသက်တာသည် အင်မတန်မှ ထင်ရှားလှပါ၏။ ယခင်ကသူသည် ခရစ်ယာန်များကို လိုက်လံသတ်ဖြတ်သူဖြစ်သောငြားလည်း အသက်တာပြောင်းလဲပြီးနောက်တွင် အတိတ်ကိုချန်ထားကာ အကောင်းဆုံးပေးဆပ်အသက်ရှင်ခဲ့ပါသည်။ တခါက လူသုံးဦးရှိသတဲ့။ ပထမလူကတော့-အတိတ်မှမကောင်းမှုများလုပ်ခဲ့ပြီး၊ယခုတော့ ကောင်းမှုကို လုပ်ဆောင်သူဖြစ်သည်။တခါတရံတော့ မကောင်းမှုစီပြန်ရောက်သွားတတ်ပါသည်။ ဒုတိယလူကတော့-အတိတ်ကလည်း မကောင်း၊လက်ရှိလည်း အသက်တာ မကောင်းဖြစ်ပါသည်။ တတိယလူကတော့-ပထမလူကဲ့သို့အတိတ်တွင် မကောင်းမှုလုပ်ခဲ့ပြီး၊ယခုကောင်းမှုကို လုပ်ဆောင်သူဖြစ်သည်။ သို့သော် သူသည်အတိတ်ကိုထားခဲ့ပြီး လက်ရှိအကောင်းဆုံးအသက်ရှင်သည်။ ထိုနည်းတူစွာပင် ကျွန်တော်တို့သည်တတိယလူကဲ့သို့ အတိတ်ကို ချန်ထားပြီးအကောင်းဆုံးလျှောက်လှမ်းမှသာ အနာဂတ်၏ ပျော်ရွှင်ဝမ်းမြောက်ခြင်းနှင့် အောင်မြင်ခြင်းအသီးအပွင့်များကို တွေ့ရှိလာမည်ဖြစ်သည်။
ဖလားဆဲ