ကူညီမစသောအရှင်

Share

ကူညီမစသောအရှင်
18.3.2022(Friday)

ဆာလံကျမ်း ၁၂၁:၁-၂“ငါ့ကိုမစခြင်းအကြောင်းသည်ပေါ်ထွက်ရသောတောင်ရိုးကို ငါမျှော်ကြည့်၏။ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ၊ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏”

လူရယ်ဟူ၍ ဖြစ်လာသည့်နှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ရှိလူများနှင့် ထိတွေ့ပေါင်းသင်းဆက်ဆံရပါသည်။ တခါတရံ မိမိဘက်က အကူအညီ ပေးရသောအချိန်ရှိသလို၊တခါတရံ အခြားသူများ၏ အကူအညီကိုတောင်းခံကြရပါသည်။ အင်မတန်မှမွန်မြတ်အရာတစ်ခုဖြစ်ပါ၏။ သို့သော် အကူညီမရ၊မစသောများနှင့်ဝေးကွာသွားပါက မည့်သူကို အားကိုးမည်နည်း။
စာရေးသူ အဝေးသင်တက္ကသိုလ်တတ်စဉ်နောက်ဆုံးနှစ်တွင် ရေနစ်သေတော့မည်အဖြစ်မျိုးတစ်ခါကြုံဖူးပါသည်။ စာရေးသူ၏လှေသည် မျောသွား၍ လိုက်လံကူးဆယ်ပါသည်။ သို့သော်နောက်ဆုံးခြေကုန်လက်ပန်းကျပြီး ကူးမရတော့သည့်အဆုံး ရေနစ်သေရဖို့ပဲ ရှိပါတော့သည်။ထိုအချိန်တွင် အားကိုးရာသည်ဘုရားသခင်တပါးတည်းသာဖြစ်သောကြောင့်ဟစ်အော်အကူအညီတောင်းခဲ့ရပါသည်။ အံဩဘွယ်သောဘုရားသခင်၏ မစသောကျေးဇူးကြောင့် လှေကြိုးသည် တိုင်တတိုင်နှင့်ညှိပြီး လှေလည်း ရပ်တန့်သွားကာ အသက်ဘေးမှလွတ်မြောက်ခဲ့ရပါသည်။ ကျေးဇူးကြောင့်ပင် ယနေ့အထိ အသက်ရှင်ရခြင်းဖြစ်ပါ၏။ ယုံကြည်သူတိုင်းအတွက် မျှော်လင့်ချက်ရှိပါ၏။ ထိုမျှော်လင့်ချက်မှာ ကူညီမစသောအရှင်သည် အစဉ်အမြဲသူ၏သားသမီးများကိုကြည့်ရှူစောင့်ရှောက်တော်မူသည်ဟူသော ဂတိတော်ဖြစ်ပါသည်။ ယုံကြည်ခြင်းဖြင့်ဘုရားသခင်ထံမျှော်ကြည့်ပါက မမြင်နိုင်သော ဘုရားသခင်၏ကူညီမစခြင်းကို ရရှိမည်ဖြစ်သည်။
ဖလားဆဲ