အားပေးစကားပြောခြင်းဖြင့်
17.3.2022(Thursday)
ဧဖတ် ၅:၂၉“ညစ်ညူးသောစကားတခွန်းကိုမျှသင်တို့နှုတ်မှမထွက်စေနှင့်။ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းငှါ၊တည်ဆောက်စရာဘို့ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့”
လူသားအချင်းချင်းထားရှိအပ်သောလူ့ကျင့်ဝတ်ထဲတွင်“အားပေးစကား”ပြောခြင်းသည်တစ်ခုအပါအဝင်ဖြစ်ပါ၏။ အားပေးစကားကြောင့် ပြန်လည်ထူမတ်လာသောသူများရှိသလို၊ဝေဖန်အပြစ်တင်မှုတို့ကြောင့် ဘဝပျက်ရသောသူများလည်းရှိပါသည်။
လျှပ်စစ်မီးကိုတီထွင်သူ သောမက်စ်အက်ဒီစင်အကြောင်းကို အနည်းငယ်ဖော်ပြလိုပါ၏။ သူသည် ငယ်စဉ်အခါ ကျောင်းသားအရွယ်တွင် ဆရာမက သူအားစာတစ်စောင်ပေးကာ သူ၏အမေအားပြန်ဖတ်ခိုင်းပါသည်။ သူ၏ အမေသည် စာကိုဖတ်သည့်အခါ မျက်ရည်ဝဲလာပါသည်။ထို့နောက် သူ၏အမေက“သင့်ရဲ့သားဟာထူးချွန်သူပါ။ဒီကျောင်းက သူ့အတွက်သင်ကြားပေးမဲ့ ဆရာကောင်းမရှိကြဘူး။ ကျေးဇူးပြုပြီးသင်ကိုယ်တိုင်သင်ပေးလိုက်ပါ”ဟုဖတ်ပြလိုက်ပါသည်။ သူ၏အမေသည် ဖျားနာပြီးသေဆုံးသွားသည့်အချိန်အထိသူမ၏သားအား ကိုယ်တိုင်သင်ကြားပေးခဲ့ပါသည်။ နှစ်ပေါင်းများစွာကြာလာသောအခါ သောမက်စ်အက်ဒီစင်သည် ထင်ရှားသောအတော်ဆုံးတီထွင်သူဖြစ်လာခဲ့ပါသည်။ တနေ့တော့ သူ့အမေပစွည်းများကိုဝင်ကြည့်ရင်း အမှတ်မထင် စာလေးတစ်စောင်ကိုဖတ်မိလိုက်ပါသည်။ ထိုစာလေးက ဖော်ပြထားသည့်မှာ“သင်ရဲ့သားဟာ စိတ်ပိုင်းဆိုင်ရာချို့တဲ့သူဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ ကျောင်းမှာ ဆက်တတ်ခွင့်မပေးနိုင်ဘူး။သူ့ကိုကျောင်းထုတ်လိုက်ပြီး”ဟူ၍ဖြစ်ပါသည်။ ထိုစာကိုဖတ်ပြီးနောက် သူအမေ၏မေတ္တာ၊စေတနာ၊အားပေးစကားများကို ပြန်လည်အောက်မေ့သတိရလာခဲ့ပါသည်။ သူအမေ၏အားပေးစကားများကြောင့် အောင်မြင်သောသူဖြစ်လာခဲ့ပါသည်။ ထို့ကြောင့်အချင်းချင်းအားပေးစကားသည် လူတစိယောက်၏ဘဝကိုပြောင်းလဲပေးနိုင်သောကြောင့်လိုအပ်နေသောသူများအတွက် အားပေးစကားပြောကြရအောင်။
ဖလားဆဲ