ကိုယ်တော်ပြုပေးသောအမှု
15.3.2022(Tuesday)
ဆာလံကျမ်း ၃၄:၈“ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ကိုယ်တော်ကို ခိုလှုံသောသူသည်မင်္ဂလာရှိ၏”
ဘုရားသခင်၏ကျေးဇူးတော်များသည် ကျွန်တော်တို့၏အသက်တာတွင်ရေတွက်လို့ကုန်နိုင်မည်မဟုတ်ပေ။ ကိုယ်တော်ပြုပေးသောအမှုများကို ပြန်လည်ရေတွက်ဆန်းစစ်ပါက အံဩစရာပင်ဖြစ်သည်။
ဘုရားသခင်ပြုပေးသောအမှုများသည် ယုံကြည်ခြင်းခိုင်မြဲဖို့ရန်နှင့်သက်သေဖြစ်စေဖို့ရန်ဖြစ်ပါသည်။ စာရေးသူနှင့်သိကျွမ်းသောဦးလေးတစ်ယောက်၏သက် သေခံချက်အားဖြင့် ခွန်အားပေးလိုပါသည်။သူသည်အချိန်ကာလကြာမြင့်စွာ အရက်သေစာ၏ချည်နှောင်မှုကို ခံခဲ့ရပါသည်။ အရက်ကိုဖြတ်ချင်သော်ငြားလည်းအချိန်တန်လာသောအခါ သွေးသား၏တောင့်တမှုအရရုန်းထွက်လေ နစ်သထက်နစ်လေဖြစ်လာခဲ့ပါသည်။ သုံးလဖြတ်လိုက်၊လေးလဖြတ်လိုက်နှင့်လုံးလည်ချာလည်လိုက်ခဲ့ရပါသည်။ နောက်ဆုံးတွင် မိမိခွန်အားဖြင့် မတတ်နိုင်တော့သည့်အဆုံး အရက်ကျေးကျွန်ဘဝမှလွတ်မြောက်ရန် ဘုရားသခင်ထံမျှော်ကြည့်၍ လုံးဝဆက်ကပ်အပ်နှံသောအခါ သုံးရက်တည်းနှင့် အရက်ကို တုံးတိဖြတ်နိုင်ခဲ့ပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယနေ့တွင် သူတစ်ပါးအား သက်သေခံသောသူဖြစ်လာခဲ့ပါသည်။အမှန်တကယ်ချည်နှောင်မှုအမျိုးမျိူးတို့မှလွတ်မြောက်လာသောသူတိုင်းသည် ဘုရားသခင်ပြုပေးသောအမှုကိုသက်သေမခံဘဲ မနေနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်ပြုပေးသောအမှုကို ပြန်လည်ရေတွက်၍ အခြားသူများအား ဝေငှသက်သေခံသောသူများဖြစ်ကြပါစို့။
ဖလားဆဲ