စိတ်၏ငြိမ်သက်ခြင်း
11.3.2022(Friday)
ယောဟန် ၁၄:၂၇“ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ငါ၏ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။လောကီသားတို့ပေးသကဲ့သို့ငါပေးသည်မဟုတ်။သင်တို့စိတ်နှလုံးပူပန်ခြင်း၊စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်”
ယနေ့ကျွန်တော်တို့ရှင်သန်နေရသောအချိန် သည်အဘက်ဘက်က ရိုက်ခတ်လာသောအခက်အခဲများ၊စိုးရိမ်စရာများသည် ဝန်းရံလို့လာနေသည်ကို တွေ့ရမည်ဖြစ်သည်။
ကမ္ဘာ့အရေးဖြစ်သော ရုရှား-ယူကရိန်း စစ်ပွဲကြောင့် လူပေါင်းမြောက်များစွာ သေကြေပျက်စီးခဲ့ရပါသည်။ ထိုအရပ်ဌာနေများ၌ နေရသော သူများသည် လွတ်မြောက်ရာသို့ပြေးလွှားနေကြရပါသည်။ လုံခြုံရာနေရာများသို့ ခိုလှုံကြရပါသည်။ ထိုအတူပဲ ဒါဝိဒ်၏အသက်တာတွင် ရှောလုမင်ကြီး၏လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ တောကြိုတောင်ကြားများတွင် ပြေးလွှားခဲ့ရပါသည်။ သို့သော်ထိုသို့သော အကျပ်အတည်းကြားထဲ၌ သူသည် ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိသဟာရဖွဲ့သောကြောင့် စိတ်၏ငြိမ်သက်ခြင်းကို ရရှိခဲ့ပါသည်။အခက်အခဲကြားထဲ၌ သူသည် ဘုရားသခင်နှင့် ပို၍ နီးစပ်လာခဲ့ပါသည်။ ကျွန်တော်တို့၏နေ့စဉ်အသက်တာတွင်လည်း မတူညီသော အခက်ခဲများရှိမည်ဖြစ်သည်။ ဘုရားနှင့်အချိန်ယူ၍ မိသဟာရဖွဲ့ခြင်းအားဖြင့် ထိုအခက်ခဲများကို ကျော်လွှားဖို့ဖြစ်ပါ၏။ နေ့ရက်စဉ်တိုင်းကိုယ်တော်ကို မျှော်ကြည့်၍ မိသဟာရဖွဲ့ကာလျှောက်လှမ်းသူတိုင်းအတွက် စိတ်၏ငြိမ်သက်ခြင်းကိုရရှိမည်ဖြစ်သည်။
ဖလားဆဲ