သေးငယ်သောအရာဖြင့်အစပြုပါ
10.3.2022(Thursday)
ဆာလံကျမ်း ၄၈:၁၄“အကြောင်းမူကား၊ထိုဘုရားဟခင်သည် ကာလအစဉ်အမြဲငါတို့၏ဘုရားဖြစ်တော်မူ၏။သေသည့်တိုင်အောင် ငါတို့ကိုပို့ဆောင်တော်မူလတ္တံ့သတည်း”
အရာအားလုံး၏အစသည် သေးငယ်သောအရာမှစတင်လာပါသည်။ ပုရွတ်ဆိတ်တောင်မှ အင်မတန်မှသေးငယ်သော်ငြားလည်း သူ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပါသည်။
မြန်မာသီချင်းလေးတစ်ပုဒ်ရှိပါ၏။ ထိုသီချင်းထဲမှ စာပိုဒ်လေးကတော့ ယုံကြည်ခြေတစ်လှမ်းဟူ၍ဖြစ်ပါသည်။ ယုံကြည်စွာဖြင့် အစပြုဖို့ဖို့ရန်ဖြစ်ပါသည်။ တရုတ်အတွေးအခေါ်ပညာရှင် လောင်ဇူးကတော့“မိုင်ပေါင်းတစ်ထောင်ဝေးလံတဲ့ခရီးကို ခြေလှမ်းတစ်လှမ်းနဲ့အစပြုရတယ်”ဟုပြောခဲ့ပါသည်။ မြင်ယောင်ကြည့်ပါကမိုင်ပေါင်းတစ်ထောင်သည်မလွယ်ကူလှပေ။ သို့သော် တစ်လှမ်းချင်းဖြည်းဖြည်းချင်းသာ လှမ်းသွားပါက မြေကြီးလက်ခတ်မခွဲပေ။ ဧကန်အမှန်ရောက်ရှိမည်ဖြစ်သည်။ မောရှေနှင့်က္ကသရေလလူမျိုးများသည် ခါနာန်ပြည်သို့ရောက်ရန် နှစ်ပေါင်း(၄၀)အထိ လျှောက်လှမ်းခဲ့ရပါသည်။ သို့သော် သူတို့၏ပထမခြေလှမ်းမှစ၍ အဆုံးတိုင်အောင် ဘုရားသခင်သည်ပို့ဆောင်ပေးပါသည်။ အဓိကအချက်မှာ သူတို့၏အဲဂုတ္တုပြည်မှ ထွက်လာ၍ အစပြုသော ခြေလှမ်းဖြစ်ပါသည်။ နောက်ဆုံးတော့ ခါနာန်ပြည်သို့ ဝင်စားရခြင်းအခွင့်ကို ရရှိခဲ့ပါသည်။ ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းသောသေးငယ်သောအရာများသည် ဘုရားသခင်သည် ကြီးမားသောအမှုအရာများဆီသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ထို့ကြောင့် မိမိလုပ်ဆောင်နိုင်သောသေးငယ် သောအရာဖြင့် အစပြုကြပါစို့။
ဖလားဆဲ