ကာလအချိန်ကို ရွေးနုတ်ကြလော့

Share

ကာလအချိန်ကိုရွေးနုတ်ကြလော့

8.3.2022(Tuesday)

ဧဖတ် ၅:၁၆-၁၇“ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကိုရွေးနှုတ်ကြလော့။ထို့ကြောင့် ပညာရှိသောသူမဖြစ်၊သခင်ဘုရား၏အလိုတော်ရှိရာသို့ ပိုင်းခြား၍သိသောသူဖြစ်ကြလော့”

အချိန်သည် ရပ်တန့်လို့မရသလို သိမ်းထားလို့လည်းရသောအရာမဟုတ်ပေ။ အသက်ရှင်နေသရွေ့ အချိန်ရထားကြီးက တရွေ့ရွေ့ဆက်လက်ခုတ်မောင်းနေမည်ဖြစ်သည်။

ကျွန်တော်တို့၏နေ့စဉ်အသက်တာတွင်လည်း အချိန်နှင့်ပတ်သတ်ပြီး အလုပ်များလုပ်ဆောင်ကြရပါသည်။တ‌စ်ခါတလေ အချိန်ကိုစောင့်ရသည်ရှိသလို တစ်ခါတလေတော့လည်း အချိန်မှီအမြန်အလုပ်များလုပ်‌ ဆောင်ရပါသည်။ကမ္ဘာကျော်ဧဝံဂေလိဆရာကြီးဘီလီဂရေဟန်၏တွက်ချက်မှုအရ အသက်(၇၀)ရှိသောလူတစ်ယောက်သည် ပျမ်းမျှအားဖြင့် အိပ်ချိန်နှစ်(၂၀)၊ကလေးဘဝ(၁၀)နှစ်၊ထမင်းစား၊ရေချိုး၊အိပ်သာတတ်၊ဖျားနာချိန်(၅)နှစ်ရှိပြီး၊ တကယ်အလုပ်လုပ်ချိန်က(၃၅)နှစ်သာရှိသည်ဟု ဆိုပါသည်။ ထိုရှင်သန်ရသောကာလလေးတွင် ကျွန်တော်တို့သည် အချိန်ကိုအကျိုးရှိအောင်လုပ်ဆောင်ခွင့်ရှိပါသည်။ အသက်(၇၀)မတိုင်ခင်လည်း သေဆုံးသွားနိုင်ပါသည်။ လက်ရှိရှင်သန်ရသောအချိန်သည် အကျိုးရှိအောင်လုပ်ဆောင်သင့်သောအချိန်ဖြစ်ပေသည်။ ဆရာကြီးC.S.Lewisက“လောကမှာ သင်လုပ်ဆောင်သမျှအရာအားလုံးဟာ တစ်ချိန်ကျရင် ကွယ်ပျောက်သွားပါလိမ့်မယ်။ခရစ်တော်အတွက် လုပ်ဆောင်သမျှအရာတွေပဲ ထာဝရကာလအတွက် ကျန်ရစ်ပေလိမ့်မယ်”ဟုပြောခဲ့ပါသည်။ မတည်မြဲသော လောကကြီးထဲတွင် ထာဝရကာလအထိတည်မြဲသော အရာဖြစ်သော ခရစ်တော်အတွက် အသက်ရှင်လျှောက်လှမ်းမှသာ အကျိုးရှိမည်ဖြစ်သည်။ ယုံကြည်သူဘုရားသခင်၏သားသမီးများအနေဖြင့် လောကအတွက်အလင်းကိုဆောင်ယူသူ၊ အမှုတော်မြတ်တွင်တတ်အားသ၍ ပါဝင်အစေခံခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးပြုသောသူများအဖြစ်လျှောက်လှမ်းကြပါစို့ ဟုနှိုးဆော်ပါရစေ။

ဖလားဆဲ