ငယ်သောအမှု၌သစွာရှိသောသူ

Share

ငယ်သောအမှု၌သစွာရှိသောသူ

7.3.2022(Monday)

လုကာ ၁၆:၁၀“အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။အနည်းငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌သစ္စာမရှိ”

သစွာရှိခြင်းဟုဆိုသောအရာသည် ယနေ့တွင်တစ်နေ့ထက်တစ်နေ့ရှားပါးလို့လာသည်ကိုတွေ့ရမည်ဖြစ်သည်။အချို့က သစွာကိုငွေကြေးနှင့်လဲလှယ်ကြသလို၊အချို့က သစွာကို အကျင့်သိက္ခာနှင့်လဲလှယ်ကြပါသည်။ မှားယွင်းသောနည်းဖြင့် သစွာကိုလဲလှယ်ကြသူများသည် ဆိုးရွာသောအကျိုးဆက်များ၏ဒဏ်ကို ခံစားကြရပါသည်။

သခင်ယေရှုက ငယ်သောအမှုမှာသစွာရှိသောသူသည်ကြီးသောအမှုမှာ သစွာရှိမည်။ငယ်သောအမှုမှာသစွာမရှိသောသူသည်ကြီးသောအမှုမှာ သစွာရှိမည်မဟုတ်ဟု သတိပေးထားပါသည်။ အများအားဖြင့် ကျွန်တော်တို့သည်သေးငယ်သောအရာများကို အမှတ်တမဲ့ထားတတ်ကြပါသည်။သို့သော် ထိုသေးငယ်သောအရာများသည် အဓိကအခြေခံအုတ်မြစ်ဖြစ်ပါ၏။ ဥပမာအားဖြင့်-သစ်ပင်တစ်ပင်တွင် အမြစ်သည် ခိုင်ခံ့နေမှသာ လေပြင်းမုန်တိုင်းများ၏ဒဏ်ကို ခံနိုင်မည်ဖြစ်သည်။ မည်မျှပင် ကြီးမားသောသစ်ပင်ဖြစ်စေကာမူအမြစ်သည် ယိုယွင်းပျက်စီးနေပါက ခနအတွင်းပြိုလဲသွားမည်ဖြစ်သည်။ ထိုအတူပဲ သစ်ပင်တစ်ပင်၏ခိုင်ခံ့‌ သောအမြစ်ကဲ့သို့ သစွာတရားကို မြဲမြံစွာဆုပ်ကိုင်ထားရပေမည်။ထိုကြောင့် ယုံကြည်သူဘုရားသခင်၏သားသမီးများအနေဖြင့်မိမိ၏အလုပ်၊ကျရာဂဏ္ဍအသီးသီးတွင် သစွာရှိသောသူများအဖြစ်လျှောက်လှမ်းကြရအောင်။

ဖလားဆဲ