စည်းစိမ်၌ အသက်မတည်

Share

စည်းစိမ်၌ အသက်မတည်

4.3.2022(Friday)

ကော ၃:၂“မြေကြီးပေါ်မှာရှိသော အရာတို့ကိုစွဲလမ်းသောစိတ်မရှိစေနှင့်။အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော့”

လောက၌ရှိရှိသမျှအရာအားလုံးတို့သည် ခေတ္တခဏသာဖြစ်ပါ၏။အမိဝမ်းထဲမှ မွေးဖွားလာချိန်တွင် ဘယ်အရာမှမယူဆောင်လာသလို သေချိန်ဆုံးရောက်သောအခါတွင်အကုန်ထားခဲ့ကြရပါသည်။ရှင်သန်စဉ်တုန်းအချိန်တွင် အကောင်းဆုံးအသက်ရှင်ဖို့သာအချိန်ရှိပါ၏။

၂၀၂၁ဇွန်လတွင် covid-19တတိယလှိုင်းကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံကြီးသည် လူအမြောက်အများသေကြေပျက်စီးခဲ့ရပါသည်။ ထိုကာလတွင် Covid-19 ဒဏ်ကို ခံရသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၏အကြောင်းကိုဖော်ပြလိုပါသည်။ အများနည်းတူသူလည်း Covid-19၏နှိပ်စက်မှုကို အလူးအလဲခံခဲ့ရပါသည်။ သူ၏လုပ်ငန်းများသည် စင်ကာပူ၌ရှိသလို၊ မြန်မာနိုင်ငံတွင်လည်း အမြောက်အများရှိပါသည်။ ငွေကြေးဓနဥစွာဖူလှုံသောသူတစ်ယောက်ဖြစ်ပါသည်။ တကယ့်တကယ်တမ်း Covid-19ကူးစက်ခံရချိန်တွင် အသက်ရှုကြပ်လာသောအခါ အောက်စီဂျင်ဘူးအသည်းအသန် လိုက်ရှာရပါသည်။ ငွေကြေးကြွယ်ဝသောငြားလည်း အောက်စီဂျင်ဘူးအလွယ်တကူမရသောကြောင့် အများနည်းတူ အောက်ဆီဂျင်ဘူးရရန် သွားရောက်တန်းစီရပါသည်။ နောက်ဆုံးတွင် သူ့အလှည့်ရောက်၍ အောက်စီဂျင်ဗူးရသောအခါ အောက်စီဂျင်ဗူးကိုဖတ်ပြီးအသက်လုရှုကာ မျက်ရည်များတသွင်သွင်ကျဆင်းလာပါသည်။ ထိုအချိန်တွင် သူအလိုအပ်ဆုံးအရာမှာ လုံလောက်သောလေဖြစ်ပါ၏။ သူ၏စည်းစိမ်များက သူကိုမကယ်နိုင်သည်ကို ချက်ခြင်းသိသွားပါသည်။ ထိုနောက်ကျန်မာရေးပြန်ကောင်းလာသောအခါ အများကို ကိုခွန်အားပေးသူ၊ မိဘမဲ့ကျောင်းများတွင် ငွေကြေးမြောက်များစွာ လှူဒါန်းပါသည်။ ထို့ကြောင့် စည်းစိမ်သည် အသက်၌မတည်သောကြောင့် ရှင်သန်တုန်းခဏတွင် ဘုရား၏နိုင်ငံတော်ကျယ်ပြန့်ဖို့ရန်အတွက် အကောင်းဆုံးပေးဆပ်အသက်ကြရအောင်ဟု နှိုးဆော်ပါရစေ။

ဖလားဆဲ