ရင်းနှီးကျွမ်းဝင်မှု

Share

ရင်းနှီးကျွမ်းဝင်မှု

28.2.2022(Monday)

ယာကုပ် ၄:၈“ဘုရားသခင်၌ချဉ်းကပ်ကြလော့။သို့ပြုလျှင်၊သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်”

ရှင်သန်ရသောလူ့ဘောင်အဖွဲ့အစည်းတွင် လူတစ်ဦးနှင့်တစ်ဦးရင်းနှီးကျွမ်းဝင်မှုသည် လိုအပ်သောအရာဖြစ်သည်။ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရှိမှ ခိုင်မာသောသံယောဇဉ်ကြိုးကိုတည်ဆောက်နိုင်မည်ဖြစ်သည်။

ဥပမာအနေဖြင့်-အင်မတန်မှရင်းနှီးကျွမ်းဝင်သော သူငယ်ချင်းနှစ်ယောက်သည် နှစ်ပေါင်းများစွာဆက်သွယ်မှုပြတ်တောက်သွားပြီး ပြန်ဆုံပါက အရင်လိုရင်းနှီးကျွမ်းဝင်ဖို့ရန် အချိန်ယူရမည်ဖြစ်သည်။ ကမ္ဘာဦးအစဘုရားသခင်သည် အာဒံနှင့်ဧဝကို ဖန်ဆင်းခဲ့ပါ၏။ အစပထမတွင် လူနှင့်ဘုရားသခင်သည် တိုက်ရိုက်ရင်းနှီးကျွမ်းဝင်မှုရှိခဲ့ပါသည်။ သို့သော် လူသည် ဘုရားသခင်၏စကားနားမထောင်ခြင်းကြောင့် လူနှင့်ဘုရားတိုက်ရိုက်ရင်းနှီးကျွမ်းဝင်မှုသည် ဝေးကွာသွားခဲ့ရပါသည်။ ထိုနောက်သခင်ယေရှုသည်လက်ဝါးကပ်တိုင်၌အသေခံခြင်းဖြင့် လူနှင့်ဘုရားသည် တိုက်ရိုက်ရင်းနှီးကျွမ်းဝင်မှုပြန်လည်ရရှိခဲ့ပါသည်။ ယနေ့ ရှင်သန်ရာကမ္ဘာကြီးသည် လူနှင့်ဘုရားကျွမ်းဝင်မှုကို ဝေးကွာသွားစေသော အရာများသည် ပြည့်နှက်လာပါသည်။ ဘုရားသခင်၏သားသမီးအနေဖြင့် ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်မှုသည်ပထမဦးစားပေးဖြစ်ရပါမည်။ ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်မှသာ ငြိမ်သက်ခြင်းကို ရရှိမည်ဖြစ်သည်။

ဖလားဆဲ