စစ်မှန်သောချစ်ခြင်းမေတ္တာ

Share

စစ်မှန်သောချစ်ခြင်းမေတ္တာ

24.2.2022(Thursday)

၁ကော ၁၃:၄“မေတ္တာသည် စိတ်ရှည်တတ်၏။ကျေးဇူးပြုတတ်၏။မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ဝါကြွားခြင်းမရှိ၊မာန်မာနမရှိ”

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူပါသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာအရှင်ဖြစ်သည့်အလျောက် အချင်းချင်းချစ်ခြင်းမေတ္တာ၌ အသက်ရှင်ဖို့ရန် မိန့်ဆိုခဲ့ပါသည်။

အင်္ဂလန်နိုင်ငံမှ ရန်ဒွန်ဟူသောလူငယ်လေးတစ်ယောက်အ‌ ကြောင်းကိုဖော်ပြလိုပါ၏။ သူတွင် ချစ်သူကောင်မလေးတစ်ယောက်ရှိပါသည်။ လူငယ်များဖြစ်သည်အလျောက် သူငယ်ချင်းများနှင့်အတူ ကျွန်းတစ်ကျွန်းသို့ ခရီးထွက်ခဲ့ကြပါသည်။ ကျွန်းသို့ရောက်သောအခါ ပျှော်ရွှင်ဖွယ်ဂိမ်းများဆော့ကစားကြပါသည်။ သို့သော် မမျှော်လင့်သောအခိုက်အတန့်တစ်ခုတွင် ရန်ဒွန်သည် မတ်စောက်သောကုန်းပြင်မြင့်မှ အောက်သို့ဒလိမ့်ကောက်ကွေးပြုတ်ကျသွားပါတော့သည်။ ပြန်ရုန်းထမည်အပြုတွင် နာကျင်လွန်းသောကြောင့် ပြန်မထနိုင်တော့ပေ။ ထိုနောက်သူငယ်ချင်းများကသူအားဆေးရုံသို့ပို့ပေးခဲ့ပါသည်။ ဓါတ်မှန်ရိုက်သောအခါ သူ၏တင်ပဆုံရိုးသည် သွင်သွင်ကျိုးသွားပြီး ခန္ဓာကိုယ်အောက်ပိုင်းသည် ဘာခံစားမှုမှမရတော့ပေ။ အောက်ပိုင်းသေသွားခဲ့ရပါသည်။ ရန်ဒွန်သည်သူ၏ကောင်မလေးကို သူအားထားခဲ့ရန်ပြောပါသည်။ သို့သောသူ၏ ကောင်မလေးသည် သစွာမပျက်ဘဲ သက်ဆုံးတိုင်ပြုစုစောင့်ရှောက်ခဲ့ပါသည်။စစ်မှန်‌သောချစ်ခြင်း‌ မေတ္တာ၏ ပုံသက်သေပင်ဖြစ်ပါသည်။ ထိုအတူပဲ ခရစ်ယာန်တစ်ယောက်၏အသက်တာတွင် စစ်မှန်‌သောချစ်ခြင်းမေတ္တာထားရှိခြင်းအားဖြင့် ကမ္မာကြီးကို အလှဆင်ကြပါစို့ဟု တိုက်တွန်နှိုးဆော်ပါရစေ။

ဖလားဆဲ