လုံ့လဝိရိယာ
18.2.2022(Friday)
သုတ္တံကျမ်း ၂၀:၄“ပျင်းရိသောသူသည် ဆင်းရဲခြင်း၊လုံ့လဝိရိယာရှိသောသူသည် ကြွယ်ဝခြင်းသို့ရောက်တတ်၏”
လုံ့လဝိရိယာဟူသော စကားလုံးလေးသည် ကျွန်တော်တို့နှင့်ရင်းနှီးကျွမ်းဝင်သောစကားလုံးလေးဖြစ်ပါ၏။ အပြောလွယ်သလောက်လည်း လုပ်ဖို့ရန် ခက်ခဲလှသောအရာသည် “လုံ့လဝိရိယာ”ဖြစ်သည်။ မည်မျှပင်
ညဏ်ပညာထက်မြတ်၍ ပါရမှီရှိစေကာမူ လုံ့လဝိရိယာတည်းဟူသောကြိုးစားအားထုတ်မှုမရှိပါက အောင်မြင်မှုအထိတ်အထိပ်သို့ရောက်ရှိမည်မဟုတ်ပေ။
ဓမ္မသစ်ကျမ်းစောင်များထဲတွင် အရေးအများဆုံးသူမှာ “ရှင်ပေါလု”ဖြစ်ပါ၏။ရှင်ပေါလုသည် ဓမ္မပညာဘက်တွင် အင်မတန်မှထက်မြတ်သူဖြစ်သလို လုံ့လဝိရိယာကြီးသူတစ်ယောက်လည်းဖြစ်ပါ၏။ သူ၏ ဆပ်ကပ်မှု၊ ပေးဆပ်မှု၊ လုံ့လဝိရိယစိုက်ထုတ်မှုတို့ကြောင့် ဘုရားသခင်၏ကြီးမားစွာ အသုံးပြုခြင်းခံခဲ့ရပါ၏။ လုံ့လဝိရိယာသည် စိတ်အားထက်သန်မှုရှိမှသာ ထွက်ပေါ်လာမည်ဖြစ်သည်။ ဥပမာအနေဖြင့်-မင်္ဂလာဆောင်သည့်နေ့တွင် သတို့သမီးဖြစ်သူကို သတိထားကြည့်ပါ။ စောစောစီးစီးတောက်ပသည့်မျက်လုံးများနှင့်ထ၍ စိတ်လှုပ်ရှားစွာဖြင့် တစ်နေ့လုံးပျှော်ရွှင်နေမည်ဖြစ်သည်။ ဤအရာသည်မည်သူမှမတိုက်တွန်းဘဲ အလိုအလျောက်ဖြစ်လာသော လုံ့လဝိရိယာဖြစ်ပါ၏။ ထို့ကြောင့် ကျွန်တော်တို့၏ နေ့စဉ်ပြုစုရမည့်ဆုကျေးဇူးများထဲတွင်“လုံ့လဝိရိယာ”သည်တစ်ခုအပါအဝင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော ဘုရားသခင်သည်“လုံ့လဝိရိယာ”ရှိသောသူကိုသာ အသုံးပြုပါ၏။
ဖလားဆဲ