ထိမိ၍လဲစရာမဖြစ်စေလို

Share

ထိမိ၍လဲစရာမဖြစ်စေခြင်းငှါ

17.2.2022(Thursday)

၁ကော ၈:၉“သို့သော်လည်း၊ သင်တို့အခွင့်ကို အားနည်းသောသူတို့၌ ထိမိ၍လဲစရာအကြောင်းမဖြစ်စေခြင်းငှါ သတိပြုကြလော့”

နေ့ရက်စဉ်တိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်အခါဝယ် ကျွန်တော်တို့သည် လူအများနှင့်ထိတွေ့ပေါင်းသင်းဆက်ဆံကြရပါသည်။ လူတစ်ယောက်၏အသက်ရှင်မှု၊စိတ်နေစိတ်ထားများသည် အခြားသူတစ်ယောက်အားမည်သို့မည်ပုံပြောဆိုဆက်ဆံသည်ကို ကြည့်ရင်ဖြင့်သိနိုင်ပါသည်။ နေရာတိုင်းတွင် ပုံသက်သေကောင်းသည် အင်မတန်မှ အရေးပါလှပါသည်။

အထူးသဖြင့် ယုံကြည်သူခရစ်ယာန်အသက်တာသည် ခရစ်တော်ကို ကိုယ်စားပြုသောအသက်တာဖြစ်သည်။ မိမိ၏ အသက်ရှင်မှု၊ပြောဆိုသောစကားများသည် ခရစ်တော်၏ဘုန်းတော်ကို ထင်ရှားစေနိုင်သလို၊ခရစ်တော်၏ဘုန်းတော်မထင်ရှားသောအရာများဖြစ်လာနိုင်ပါသည်။ သခင်ယေရှုခရစ်တော်၏ အမှုတော်မြတ်လျှောက်ရာလမ်းခရီးကို ခရစ်ဝင်ကျမ်း(၄)ကျမ်းတွင် ဖတ်ရှုပါက သိမည်ဖြစ်သည်။ သခင်ခရစ်တော်သည် မှန်ကန်သောအသက်တာ၊ မှန်ကန်သော အရာများကို လုပ်ဆောင်သော်ငြားလည်း မှားယွင်းသောစွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ သို့သော်သခင်ယေရှုခရစ်တော်သည် မမှန်ကန်သောစွပ်စွဲမှုများကို ခွန့်တုံ့ပြန် မနေတော့ဘဲ ခမည်းတော်၏အလိုတော်အတိုင်းအဆုံးတိုင်အောင် လိုက်လျှောက်ခဲ့ပါသည်။ သခင်ယေရှု၏အသက်တာသည် မည်မျှပင်နှောင့်ယှက်မှုများနှင် ကြုံတွေ့ရစေကာမူ လူအများအတွက် ထိမိ၍လဲစရာမဖြစ်စေဘဲ ပုံသက်ကောင်းအဖြစ်အဆုံးတိုင်အသက်ရှင်ခဲ့ပါသည်။ ထို့ကြောင့် မိမိ၏အသက်တာအားဖြင့် အခြားသူများအ အရှေ့တွင် ထိမိ၍လဲစရာမဖြစ်စေဘဲ ခရစ်တော်ကဲ့သို့ကောင်းသောပုံသက်သေဖြင့် အသက်ရှင်လျှောက်လှမ်းကြရအောင်။

ဖလားဆဲ