အလိုတော်အတိုင်းသာ
16.2.2022(Wednesday)
မဿဲ ၂၆:၃၉“ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်းမဖြစ်ပါစေနှင့်။ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော်”
ဘုရားသခင်၏အလိုတော်ကို ဝန်ခံသောအကောင်းဆုံးပုံသက်သေမှာ သခင်ယေရှုခရစ်တော်ဖြစ်ပါ၏။ သခင်ယေရှုသည် လူသားအနေဖြင့် ခယောင်းလမ်းဖြင့် ပြည့်နေသော ကားတိုင်ခရီးကို လျှောက်ဖို့ရန် အလိုတော်ဝန်ခံနိုင်ဖို့ ခက်ခက်ခဲခဲ ဆုတောင်းခဲ့ရပါသည်။ နောက်ဆုံးတွင် သူ၏ဆန္ဒထက်ဘုရားသခင်၏အလိုတော်ကို ဝန်ခံခဲ့ပါသည်။
သခင်ယေရှုလျှောက်သောလမ်းတွင် အင်မတန်မှကြမ်းတမ်းလှသလို ကားတိုင်တွင်အသေသတ်ခြင်းကို ခံရမည်ဖြစ်သည်။ သခင်ယေရှု၏အမှု တော် မြတ်ထမ်းရွတ်စဉ်ကာလအတွင်းတွင် မိမိ၏အလိုထက် ဘုရားသခင်အလိုတော်ကို ဆောင်ဖို့ရန်သာ ဖြစ်ပါသည်။ မည်မျှပင်ခက်ခဲစေကာမူ၊ ကားတိုင်ခရီးကို အဆုံးတိုင်အောင်လျှောက်ခဲ့ပါသည်။ ထိုနည်းတူစွာပင် ကျွန်တော်တို့၏ ဘဝအသက်တာတွင်လည်း ဘုရားအလိုတော်ထက် မိမိအလိုကို ဦးစားပေးသော အချိန်များလည်းရှိမည်ဖြစ်သည်။ စာရေးသူသည်လည်း တစ်ခါတစ်ရံ ဘုရားအလိုတော်ထက် မိမိသဘောအတိုင်းလုပ်ဆောင်သောအချိန်များရှိခဲ့ပါ၏။ အဆုံးသတ်ရလဒ်ကတော့ အရှက်တကွဲ၊အကျိုးနည်းခြင်းသာ ရခဲ့ပါသည်။ ဥပမာအနေဖြင့်-လူတစ်ယောက်သည် အရက်ကိုစွဲမြဲစွာသောက်ပြီး အသည်းရောဂါရလာပါက ဘုရားအလိုတော်ဟု သတ်မှတ်လို့မရပေ။ မိမိ၏ မကောင်းသောလမ်းသို့ လိုက်ခြင်းကြောင့် ရရှိလာသော အကျိုးဆက်သည် ဘုရားသခင်၏အလိုတော်မဟုတ်ပေ။ ထို့ကြောင့် ရှေ့ဆက်ရမည့်ဘဝခရီးတွင် ဘုရားသခင်၏ အုပ်စိုးခြင်း၊လမ်းပြခြင်းကို ခံယူပြီးအလိုတော်ကိုဝန်ခံခြင်းဖြင့် လျှောက်လှမ်းရမည်ဖြစ်သည်။
ဖလားဆဲ