ဖယောင်းတိုင်လေးလို လင်းစေပါ

Share

ဖယောင်းတိုင်လေးလို လင်းစေပါ

13.2.2022(Sunday)

မဿဲ ၅:၁၆“ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌ သင်တို့အလင်းကိုလင်းစေကြလော့”

ရှေးယခင်တုန်းက တောရွာလေးများတွင် ညဘက်မှောင်ရီဝိုးတဝါးအချိန်တွင် ဖယောင်းတိုင်ငယ်လေးထွန်းကာ မီးထွန်းကြပါသည်။တိုးတတ်သော ခေတ်ဖြစ်သည့်အလျောက် မြို့ကြီးပြကြီးများ တွင်ဖယောင်းတိုင်ငယ်လေးများကို သိပ်အသုံးမပြုကြတော့ဘဲ လျှပ်စစ်မီးကိုသာ အသုံးပြုလာကြပါသည်။ သို့သော် တောရွာများတွင် ရံဖန်ရံခါ ဖယောင်းတိုင်ထွန်းသောအိမ်လေးများ ရှိနေပါသေးသည်။

ဖယောင်းတိုင်ငယ်‌လေး၏ အဓိကရည်မှန်းချက်မှာမီးစာမကုန်မချင်း အလင်းရောင်ပေးရန်ဖြစ်သည်။ အင်မတန်မှ မွန်မြတ်လှပါသည်။ အမှောင်ဆုံးအချိန်တွင် ဖယောင်းတိုင်၏ အသုံးဝင်မှုသည် အရေးပါလှပါသည်။ ဝမ်းနည်းစရာကောင်းသောအချက်မှာ ဖယောင်းတိုင်သည် သူ၏မီးစာကုန်သောအခါ အလင်းရောင်မပေးနိုင်တော့ပေ။ နောက်ထပ်ဖယောင်းတိုင်တစ်ချောင်း ထွန်းညှိရပြန်ပါသည်။ စာရေးသူအနေဖြင့် ဖယောင်းတိုင်ဥပမာကို ကြည့်ခြင်းအားဖြင့် များစွာသင်ခန်းစာရရှိပါသည်။ထိုဥပမာများကတော့

(၁)ဖယောင်းတိုင်သည်အလင်းပေးဖို့ဖြစ်သည်

(၂)ဖယောင်းတိုင်သည် အကန့်အသတ်အထိသာ အလင်းပေးနိုင်ပါသည်

(၂)အလင်းရရှိဖို့ရန် ဖ‌ယောင်းတိုင်အသစ်များ လိုအပ်‌နေပါသည်။

ထိုအတူပဲ ဝိညာဉ်ရေးရာဘက်တွင်ကြည့်ပါက ဖယောင်းတိုင်ကဲ့သို့ ရှေ့ကနဦးသာသနာခေါင်းဆောင်များသည် မြန်မာနိုင်ငံအတွက် ခရစ်တော်၏အလင်းကိုပေးခဲ့ကြပါသည်။ သို့သော် သူတို့သည် ဖယောင်းတိုင်ကဲ့သို့ အကန့်အသတ်တစ်ခုအထိသာ ပေးခဲ့ကြပါသည်။ သူတို့ပေးသော အလင်းများကို ဆက်လက်ထွန်းလင်းဖို့ရန် ဖယောင်းတိုင်အသစ်ကဲ့သို့ မျိုးဆက်သစ်အလင်းပေးသောသူများလိုအပ်ပါသည်။ ထို့ကြောင့်ခရစ်တော်၏သာသနာတော်အလင်းဆက်လက်တည်တံ့နိုင်ဖို့ရန် မျိုးဆက်သစ်များလက်ဆင့်ကမ်းဝာာဝန်ယူဖို့ရန်ဖြစ်ပေသည်။

ဖလားဆဲ