သစွာရှိသောသူအဖြစ်သို့
12.2.2022(Saturday)
မဿဲ ၂၅:၂၃“အရှင်က၊ သာဓုသစွာရှိသောငယ်သားကောင်း။သင်သည် အမှုငယ်၌သစွာစောင့်လေပြီ။များစွာသော အမှုအခွင့်ကိုသင်၌ငါအပ်ပေးမည်။သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့”
ကျွန်တော်တို့ ကြားဖူးနားဝါ ရှိသောစကားလုံးများထဲတွင်“သစွာရှိခြင်း”သည် မွန်မြတ်သောမင်္ဂလာတပါးဖြစ်ပါသည်။ သစွာရှိခြင်းသည် စမ်းသပ်ခြင်းများနှင့် တွေ့ဆုံသောအခါဝယ် ပေါ်လွင်ထင်ရှားလာတတ်ပါသည်။
အချို့က ငွေကြေး၏ဆွဲဆောင်မှုများကြောင့် ထားရှိအပ်သော သစွာတရားများ ရေစုန်မျောသွားရပါတော့သည်။ ဒုက္ခလှိုင်းတပိုင်းများဖြင့် ရင်ဆိုင်ရသောအခါတွင် သစွာရှိခြင်းသည် ခိုင်မြဲမှသာ မယိမ်းယိုင်မပျက်စီးမည်ဖြစ်သည်။ နှုတ်ကပတ် တော်သမ္မာကျမ်းစာထဲတွင် သစွာရှိသောသူအဖြစ်“ယောဘ”အသက်တာအားဖြင့် ဖော်ပြလိုပါသည်။ သူ၏သစွာရှိခြင်းကို မိသားစုဝင်များဆုံးရှုံးမှု၊ စည်းစိမ်ဥစွာများဆုံးရှုံးမှု၊ ဇနီး၏ ပစ်ပယ်ခြင်းများ၊ အနာရောဂါ၏ ဖိစီးနှိပ်စက်ခြင်းများဖြင့် စမ်းသပ်ခံခဲ့ရပါသည်။ တော်ရုံလူဆိုရင်ဖြင့် ဘုရားသခင်အပေါ်ထားရှိသော သစွာရှိမှုများ ပြိုလဲပျောက်ပျက်သွားနိုင်ပါသည်။ သို့သော် ယောဘသည် အဆုံးတိုင်အောင် တည်ကြည်၍ သစ္စာရှိသောသူအဖြစ်အဆုံးတိုင်အောင်ရပ်တည်နိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင် သစွာရှိခြင်း၏ရလဒ်ဖြစ်သော ကောင်းကြီးမင်္ဂလာနှစ်ဆကို ခံစားခဲ့ရပါသည်။ ထိုအတူပဲ ကျွန်တော်တို့သည်လည်း များစွာသောစမ်းသပ်ခြင်းများဖြင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့သော စမ်းသပ်ခြင်းများဖြင့် ရင်ဆိုင်ရသောအချိန်မျိုးတွင် ယောဘကဲ့သို့ အဆုံးတိုင်အောင် သစွာရှိသောသူအဖြစ်တည်ကြည်ကြကုန်အံ့။
ဖလားဆဲ