ဘဝကို အရှုံးမပေးနှင့်

Share

ဘဝကို အရှုံးမပေးနှင့်

10.2.2022(Thursday)

ဧဖတ် ၆:၉“ငါတို့သည် အားမလျော့၊စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်”

ပြိုင်ပွဲတစ်ခုကျင်းပသည့်အခါတွင် အနိုင်နှင့်အရှုံးသည် အမြဲဒွန်တွဲလို့နေပါသည်။ သို့သော် အရှုံးဖြင့်ရင်ဆိုင်ရသောအချိန်တွင် ပြန်လည်ရုန်းထနိုင်ဖို့လိုပါသည်။

အမေရိကန်နိုင်ငံ၏(၁၆)ကြိမ်မြောက် သမ္မတဖြစ်သူ အာဗြံဟံလင်ကွန်း၏အသက်တာတွင် ကြီးမားသောရှုံးနိမ့်မှု‌(၁၁)ကြိမ်လောက်ကြုံပြီးမှသာ သမ္မတရာထူးကိုရရှိခဲ့ပါသည်။ အဓိကကတော့ အရှုံးမပေးဖို့ဖြစ်ပါသည်။ ထင်ရှားသောခရစ်ယာန်စာပေရေးသားသူများထဲမှတရုတ်လူမျိုး ဝပ်ခ်ျမန်းနီးအ‌ကြောင်းအနည်းငယ်ကို ဖော်ပြလိုပါသည်။ သူ၏စာအုပ်ဖြစ်သော “Normal Christian Life”စာအုပ်သည် အင်မတန်မှထင်ရှားလှပါသည်။ သူ၏အမှုတော်မြတ်ခရီးတွင် များစွာသော နှောင့်ယှက်မှုများ၊ ထောင်ကျအကျဉ်းချခြင်းများကိုလည်း ကြုံတွေ့ခဲ့ရပါသည်။ ထောင်ထဲ၌ရှိနေစဉ်မှာပင် ဝိညာဉ်ရေးရာစာပေများကို ရေးသားကာ ယုံကြည်သူများအတွက် များစွာအထောက်အကူဖြစ်စေခဲ့ပါသည်။ မည်သို့သော အခြေအနေမျိုးဖြင့် ကြုံရစေကာမူ ဘဝကိုအရှုံးမပေးဘဲ အကောင်းဆုံးဆက်ကပ်အစေခံခဲ့ပါသည်။ နောက်ပိုင်းမှာတော့ သူသည် အမေရိကန်နိုင်ငံတွင် Living Stream Ministryကို တည်ထောင်ပြီး ဝိညာဉ်‌ ရေးရာစာပေလုပ်ငန်းများစွာကို လုပ်ဆောင်ခဲ့ပါသည်။ အောင်မြင်မှုများလည်း ရရှိခဲ့ပါသည်။ ထိုအတူပဲ ကျွန်တော်တို့သည်လည်း မိမိရှိနေသည့်အရပ်၌ မည်သို့သော အခက်ခဲမျိုးဖြင့်ရင်ဆိုင်ရစေကာမူ ဘဝကိုအရှုံးမပေးဘဲ သခင့်လက်ကို ဆုပ်ကိုင်ပြီး ကျော်ဖြတ်ကြဖို့ပါ။

ဖလားဆဲ