ကိုယ်တော်အတွက်ဖြစ်စေမည်
1.2.2022(Tuesday)
ရောမ ၁၁:၃၆” ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း ကိုယ်တော်အားဖြင့်၎င်း ကိုယ်တော်အဘို့အလိုငှါ၎င်း ဖြစ်ကြ၏။ကမ္ဘာအဆက်အဆက်ဘုန်းကြီးစေသတည်း။ အာမင်”
မြန်မာနိုင်ငံ၌ဓမ္မတေးသီချင်းများကို ရေးစပ်၊သီကုံး၊ သီဆိုနိုင်သောပါရမီရှင်များထဲတွင် ဆရာစောဝင်းလွင် သည်တစ်ယောက်အပါအဝင်ဖြစ်ပါသည်။ အင်မတန်မှ ထူးခြားသော အသံပိုင်ရှင်ဖြစ်သည်။ ယုံကြည်သူခရစ်ယာန်လောကတွင် သူအားမသိသူမရှိပေ။ အင်မတန်မှ လူသိများသလို၊ အင်မတန်မှ နှိမ့်ချသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
ကျွန်တော်ငယ်စဉ်က အင်းစိန်တွင် ကျောင်းတတ်ခဲ့ပါသည်။ အင်းစိန်၊ ယိုးဒယားဈေးတွင် ဆရာကို ခနခနမြင်ဖူးပါသည်။ ကျွန်တော်ခုနှစ်တန်းနှစ်လောက်တွင် ကျွန်တော်သူငယ်ချင်းတာမလာထူးအားဖြင့် MYCတွင် မနက်ပိုင်းSunday School တတ်ဖူးပါသည်။ December ကျောင်းပိတ်ချိန်တွင် ကျွန်တော်တို့သည်သံလျင်မှ မိဘမဲ့ကလေးများနှင့် MYC sunday School ကလေးများမိတ်သဟာရဘောလုံးကန်ကြပါသည်။ မှတ်မိပါသေးသည်။ ကျွန်တော်တို့အဖွဲ့ ဘောလုံးကန်နေသည်ကို ဆရာချစ်စမ်းမောင်တို့ဇနီးမောင်နှံ ထိုင်ကြည့်နေကြပါသည်။ ညနေပိုင်း ထမင်းအတူတူစားချိန်ရောက်သောအခါ ဆရာစောဝင်းလွင်သည် ကျွန်တော်တို့နှင့်အတူ ကလေးများကြားထဲ လာရောက်စားပါသည်။ လူအများသိသောသီချင်းဆိုသူဖြစ်သော်လည်း နှိမ့်ချခြင်းရှိသောသူဟု သတိထားမိလိုက်ပါသည်။ သူနှင့်ကျွန်တော်မရင်းနှီးသော်လည်း သူ၏အသက်ရှင်မှုသည် ကလေးအရွယ်ဖြစ်သော ကျွန်တော့်အတွက်တည်ဆောက်စရာဖြစ်စေခဲ့ပါသည်။ “ကိုယ်တော်အတွက်ဖြစ်စေမည်”ဟူသောသူ၏ သီချင်းအတိုင်း အသက်တာပြောင်းလဲပြီးနောက် ဘုရားသခင်၏အမှုတော်မြတ်ထဲတွင် အချိန်ပြည့်သက်ဆုံးတိုင်ပါဝင်ဆက်ကပ်ခဲ့ပါသည်။ ၂၆.၁.၂၀၂၂တွင် ဘုရားသခင်၏ခေါ်တော်မူခြင်းကို ခံရသောဆရာစောဝင်းလွင်၏ အသက်ရှင်ခြင်း၊ ဆက်ကပ်ခြင်းများအားဂုဏ်ပြုလိုခြင်းဖြစ်သောကြောင့် ဤစာစုလေးအားဖြင့် ဖော်ပြလိုက်ရပါသည်။
ဖလားဆဲ