တရားသူကြီးမှတ်စာ ၆:၁၆” ထာဝရဘုရားက အကယ်စင်စစ် ငါသည် သင်နှင့် အတူ ရှိသဖြင့် သင်သည် လူတစ်ယောက်ကို လုပ်ကြံသကဲ့သို့ မိဒျန်လူ တို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ၏”
သမ္မာကျမ်းစာထဲ၌ တရားသူကြီးမှတ်စာကို ဖတ်ကြည့်ပါက စစ်သူကြီး ဂိဒေါင်၏ ခေါင်းဆောင်မှုကို သိရမည်ဖြစ်သည်။ သူသည်အင်မတန်မှ ကြောက်တတ်သောသူ ဖြစ်သော် လည်း ဘုရားသခင်သည် သူ့ကို ရဲရင့်သော စစ်သူကြီး အဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။ ထိုအချိန်ကာလတွင် ဣသရေလလူမျိုးများသည် ဘုရားသခင်၏ စကားကို နားမထောင် သည်သာမကဒုစရိုက်များပြုသောကြောင့် မိဒျန်လူမျိုးများ၏ နိုင်ထက်နှိပ်စက်ညှဉ်းဆဲမှုများကို ခုနှစ်နှစ်တိုင်တိုင်ခံစားခဲ့ရပါသည်။ ထိုသို့နှိပ်စက်မှုများကြောင့် ဣသရေလလူမျိုးများသည် အပြစ်မှနောင်တရပြီး ဘုရားသခင်၏ကူညီမစမှုကို အော်ဟစ်တောင်းခံကြသည်။ ထို့ကြောင့် ဘုရားသခင်သည် ဣသရေလလူမျိုးများကို ကယ်တင်ရန် ဂိဒေါင်ကိုရွေးချယ်ခဲ့ပါသည်။ ဘုရားသခင်၏ ရွေးကောက်ခြင်းကို ဂိဒေါင်က” အိုသခင် အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ ကယ်နှုတ်နိုင်ပါမည်နည်း။အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ ဆင်းရဲ ပါ၏။ အကျွန်ုပ်သည်လည်း ကိုယ်အဆွေအမျိုး၌ အယုတ်ဆုံးသောသူဖြစ်ပါ၏”ဟု ငြင်းဆန် ခဲ့ပါသည်။သို့သော် ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူနှင့်အတူ ရှိတော်မူ သောကြောင့် အောင်နိုင်ခြင်းကို ရရှိခဲ့ပါသည်။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဂိဒေါင်သည် ဗာလ ဘုရားများကို ဖျက်ဆီးခဲ့ပါသည်။တရားသူကြီးမှတ်စာ ၇:၂၀-၂၂ထဲတွင် ဂိဒေါင်နှင့် သူ၏ လူသုံးစုတို့သည် တံပိုးမှုတ်၍အိုးကို ခွဲပြီး လက်ဝဲလက်၌ မီးခွက်ကိုကိုင်ကာ လက်ယာဘက်၌ မှုတ်စရာတပိုးကို ကိုင်ပြီးနောက် ထာဝရဘုရားနှင့် ဂိဒေါင်၏ဓါး ဟု အော်ဟစ်ကြသည်။ထို့နောက်ရန်သူတို့သည် ဘုရားသခင်၏တန်ခိုးတော်ကြောင့် ပြေးလျက် အော်လျက် ထွက်ပြေးခဲ့ ကြရပါသည်။
ဤအချင်းအရာကို လေ့လာကြည့်ပါက ဘုရားသခင်၏ အတူရှိခြင်းသည် ဂိဒေါင်၏ ဘဝအသက်တာကို ကြီးမြတ်သောသူအဖြစ်သို့ရောက်စေခဲ့ပါသည်။ ထို့ကြောင့် ကျွန်ပ်တို့ အယောက်စီတိုင်းသည် မည်မျှပင် အားနည်းသောသူဖြစ်စေကာမူ ဘုရားသခင်၏ အတူ ရှိခြင်း ကို ယုံကြည်ပြီး ဘဝတိုက်ပွဲများကို ရင်ဆိုင်ယှဉ်ပြိုင်အနိုင်ယူရမည်ဖြစ်သည်။