အမျက်ဒေါသ(Anger)

Share

အမျက်ဒေါသ(Anger)
20.1.2022(Thursday)

ဧဖတ် ၄:၂၆“အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင်”

အမျက်ဒေါသဟူသောစကားလုံးလေးသည် ကျွန်တော်တို့၏နေ့စဉ်ဘဝတွင် ရင်းနှီးနေသောအရာဖြစ်ပါသည်။ အမျက်မထွက်ဘူးသူဟူ၍ မရှိပေ။ အကြောင်းအရာ၊အခြေအနေများတိုက်ဆိုင်လာပါက အမျက်ထွက်တတ်ကြပါသည်။
ဆရာကြီးဘီလီဂရေဟမ်က “လောကမှာ ကျွန်တော်တို့ ကြုံတွေရတဲ့ မတတ်နိုင်တဲ့အရာအများကြီးရှိပါတယ်။ဒီအရာတွေဟာ မကောင်းတဲ့လမ်းကိုပို့ဆောင်ပေးမှာဖြစ်တယ်”ဟုပြောခဲ့ပါသည်။ ထိုနည်းတူစွာပင် အမျက်ဒေါသသည်လည်း လူသားများအတွက် အပြစ်ဒုစရိုက်လမ်းကို ပို့ဆောင်ပေးသောအရာဖြစ်ပါသည်။ မောရှေ၏ အသက်တာတွင်လည်း ရေထွက်လာဖို့ရန်ကျောက်ကို အမိန့်ပေးရမည့်အစား အမျက်ဒေါသဖြင့် ကျောက်ကို ရိုက်လိုက်ပါသည်။ ထိုအမှုအရာကို ဘုရားသခင်မနှစ်သက်သောကြောင့် နောက်ဆုံးတွင် ခါနာန်ပြည်ကို အဝေးကကြည့်ရှူခွင့်သာရရှိခဲ့ပါသည်။ အမျက်ဒေါသ၏ ဦးတည်ရာသည် ဘယ်သောအခါမှ လမ်းမှန်သို့ မရောက်စေပါ။ ထို့ကြောင့် အမျက်မပြေဘဲ နေမဝင်စေနှင့်ဟူသော နှုတ်ကပတ်တော်သမ္မာကျမ်းစာအရ အမျက်ဒေါသကို အခွင့်မပေးဘဲ အချင်းချင်းသည်းခံခြင်း၊ နားလည်ခြင်းများအားဖြင့် လျှောက်လှမ်းကြရအောင်။
ဖလားဆဲ