အလင်းဖြစ်စေဖို့

Share

အလင်းဖြစ်စေဖို့

4.1.2021(Monday)

မဿဲ ၅:၁၆“ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌ သင်တို့အလင်းကိုလင်းစေကြလော့”

အလင်းဟူသော စကားလုံးလေးသည် ကမ္ဘာလောကကြီးအတွက်အပေါင်းလက္ခဏာကို ဆောင်ယူလာပါသည်။အမှောင်မိုက်ဆုံးအချိန်တွင် အလင်း၏အကျိုးသက်ရောက်မှုသည် အင်မတန်မှ ထိရောက်လှပါသည်။

လောကကြီးအတွက်အလင်းကို ဆောင်ယူသောသူတစ်‌ယောက်အကြောင်းကို ဖော်ပြလိုပါ၏။ ထိုသူမှာယေရှုခရစ်တော်ဖြစ်ပါသည်။ သခင်ယေရှုခရစ်တော်သည် အမှုတော်မြတ်ထမ်းရွတ်စဉ်တွင် လူသားများအတွက် အလင်းဖြစ်စေခဲ့ပါသည်။ လူတွေမျှော်လင့်ချက်မဲ့ချိန်တွင် တရားဒေသနာဝေငှခြင်း၊ ဝမ်းနည်း၍ အားနည်းသူများအား အံဩဘွယ်ရာ ကူညီမစခြင်း၊ မှန်ကန်သော အသက်ရှင်မှုဖြင့် အလင်းထွန်းလင်းစေခဲ့ပါသည်။ တပည့်တော်များအားလည်း အလင်းထဲ၌ အသက်ရ‌ှင်ရန်သွန်သင် ပေးခဲ့ပါသည်။ ယနေ့ကမ္ဘာကြီးသည် အလင်း၌အသက်ရှင်သောသူများမျှော်လင့်လို့နေပါသည်။ သင်နှင့် ကျွန်ုပ်၏တာဝန်ဖြစ်ပါ၏။ ယုံကြည်သူတိုင်းသည်အလင်းထဲ၌ အသက်ရှင် လျှောက်လှမ်းမှသာ ပုံသက်သေကောင်းဖြစ်မည်ဖြစ်သည်။ ယုံကြည်သူတစ်ယောက်အနေဖြင့် အရက်သေစာသောက်စားခြင်း၊ အကျင့်စာရိတ္တပြတ်ပြားခြင်း၊ မှားယွင်းသောအမှု၌ ပျှော်မွေ့ခြင်းကို ရှောင်ကျဉ်ရမည်ဖြစ်သည်။ ထို့ကြောင့် မိမိရှိသည့်နေရာတွင် အခြားသူများအတွက် အလင်းဖြစ်စေခြင်းအားဖြင့် ဘုရား‌ဘုန်းတော်ထင်ရှားစေကြစို့။

ဖလားဆဲ