(၁၄)အသက်တာပြောင်းလဲခြင်းဆီသို့

Share

၂ကော ၅: ၁၇ “လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာ တို့သည် အသစ် ဖြစ်ကြပြီး”

ကျွန်တော်တို့ ယုံကြည်သူတွေအနေဖြင့်  ၂ကော ၅:၁၇ကို ဖတ်ကြည့်ခြင်းအားဖြင့် လူမည်သည် ကားခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်တယ်လို့ မိန့်ဆို ထား သည်ကို တွေ့ရ မည်ဖြစ်သည်။ အသက်တာပြောင်းလဲခြင်းလို့ ဆိုတဲ့အခါမှာ ဘုရား အပိုင်းက လူကို ပြောင်းလဲ ပေးခြင်းနှင့် လူဘက်အပိုင်းမှ ပြောင်းလဲခြင်း နှစ်မျိုးရှိပါသည်။ ဝိညာဉ်ရေးရာ ပြောင်းလဲခြင်းမှာ ဘုရားနှင့်လူ ပေါင်းစည်းခြင်းအားဖြင့် ရင့်ကျက်သော ခရစ်ယာန်အသက်တာ ထင်ရှား လာမှာ ဖြစ်ပါသည်။ ဘုရားက လူကိုပြောင်းလဲပေးသည့် အခါတွင်

(၁) Bible (သမ္မာကျမ်းစာအားဖြင့်)

(၂) Circumstances (အခြေအနေအဖြစ်အပျက်များအားဖြင့်)

(၃) Holy Spirit(သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြခြင်အားဖြင့်) လူကိုပြောင်းလဲ ပေးသည်။ လူ့အပိုင်းမှလည်း ပြန်လည်ပြီး လုပ်ဆောင်ရမည့် အချက်သုံးချက်ကို ဖော်ပြလို ပါသည်။ ထိုအရာများကတော့…

(၁) သန့်ရှင်းသောဝိညာဉ်တော်အပေါ်မှီခိုခြင်း

(၂)အခြေအနေအဖြစ်အပျက်တွေအားဖြင့်ဘုရားရှင်သွန်သင်ပေးသောအရာများကိုသင်ယူခြင်း

(၃)ကိုယ်တွေးတောနေသောအရာများကို ဂရုစိုက်ပြီး နှုတ်ကပတ်တော်ကို ဆင်ခြင် တွေးတော ခြင်း အားဖြင့် မိမိအသက်တာပြောင်းလဲဖို့ လုပ်ဆောင်ရမှာဖြစ်သည်။

ရင့်ကျက်သော ယုံကြည်သူခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်လာဖို့ ချက်ခြင်း အသွင် ပြောင်းလဲ လာဖို့က မဖြစ်နိုင်ပါ။ အချိန်ယူရပါသည်။ လူသည် ဘဝအသက်တာ ပြောင်းလဲ လာဖို့ရန် မိမိခွန်အားဖြင့် မတတ်နိုင်ပါ။ ဘုရားသခင်နှင့်လျှောက်လှမ်းပြီး နှုတ်ကပတ်တော်နှင့် အသက်ရှင်မှသာ အသက်တာရင့်ကျက်ပြောင်းလဲလာမည်ဖြစ်သည်။ ဘဝတစ်လျှောက်လုံး သင်ယူနေပြီး အသက်ရှင်ရမှသာ ဘုရားဘုန်းတော် ထင်ရှားသော အသက်တာ ဖြစ်လာမည် ဖြစ်သည်။