ပေးကမ်းစွန့်ကြဲပါ

Share

စွန့်ကြဲပေးကမ်းပါ

3.1.2021(Monday)

သုတ္တံကျမ်း ၁၁:၂၅“စွန့်ကြဲတတ်သောသူသည်ကြွယ်ဝလိမ့်မည်။ သူတပါးကိုရေလောင်းသောသူမူကား၊ ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်”

လူရယ်ဟူ၍ ဖြစ်လာသည်နှင့် နေရေး၊ ထိုင်ရေး၊စားရေး၊သောက်ရေးသည် အရေးကြီးလှပါသည်။ လူတိုင်း၏ နေ့စဉ်အသက်တာတွင် ထိုအရာများသည် မရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့် လိုအပ်နေသောသူများအတွက် အချင်းချင်းပေးကမ်းစွန့်ကြဲခြင်းအရာသည် မြတ်သောမင်္ဂလာဖြစ်ပါ၏။

ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး(၆)တွင် သခင်ယေရှုပြုတော်မူသော စွန့်ကြဲပေးကမ်းခြင်းအမှုကို တွေ့ရမည်ဖြစ်သည်။ သခင်ယေရှု၏ တရားကိုနာရန် ပရိတ်သတ်ငါးထောင်လောက်သည် လိုက်လာပါသည်။ ယုဒလူမျိုးတို့၏ ထုံးစံတစ်ခုရှိပါသည်။ ထိုထုံးစံကတော့ ခရီးဝေးသွားသည်အခါတွင် မြက်ဖျာငယ်တစ်ခုနှင့် ခြင်းတောင်းတစ်လုံးကို အမြဲယူဆောင်သွားတတ်ပါသည်။ သခင်ယေရှုသည် ပရိတ်သတ်ငါးထောင်ကို ကျွေးမွေးရန်အတွက် အရင်ဦးဆုံးမုန့်နှင့်ငါးအနည်းငယ်ကို တပည့်တော်များအား တောင်းခိုင်းလိုက်ပါသည်။ အမှန်တကယ်တော့ လူငါးထောင်အထဲတွင် မုန့်နှင့်ငါးအနည်းငယ်ကို ပေးရန်ရှိမည်ဖြစ်သည်။ သို့သော် လူငါးထောင်ထဲမှ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ကလေးငယ်လေးမှ စွန့်ကြဲလိုက်သောအခါ သခင်ယေရှုသည် လူငါးထောင်အတွက် စားဖို့ရန် ပြင်ဆင်ပေးခဲ့ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် အဓိက ပြောလိုသည်မှာ စွန့်ကြဲပေးကမ်းသည့်အခါတွင် နည်းသည်များသည်မဟုတ်ပဲ ‌စွန့်ကြဲသောနှလုံးသားရှိပါက လူအများအတွက်ကောင်းကြီးဖြစ်ပါသည်။ စွန့်ကြဲခြင်းအားဖြင့် ဘုရားဘုန်းတော်ထင်ရှားစေကြစို့။

ဖလားဆဲ