အသစ်သောအသက်တာ

Share

အသစ်သောအသက်တာ
2.1.2022(Sunday)

၂ကော ၅: ၁၇ “လူမည်သည်ကား ခရစ်တော်၌ ရှိလျှင်
အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီး”

ကျေးဇူးတော်ကြောင့် နှစ်သစ်၊ လသစ်များကိုပြင်ဆင်ပေးသော ဘုရားသခင်ကျေးဇူးတော်များကို ချီးမွမ်းရမည်ဖြစ်သည်။
ယနေ့သည် ကရင်တစ်မျိုးသားလုံး၏ နှစ်သစ်ကူးနေ့ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း၌ရှိသော ကရင်လူမျိုးများသည် အလံတင်ခြင်းအစီအစဉ်များကို မိမိတို့ရှိသည့်နေရာမှ ကျင်းပကြမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ကရင်လူမျိုးထဲမှ ယုံကြည်သူခရစ်ယာန်တစ်ယောက်ဖြစ်သော စောကိုသာဖြူ၏အကြောင်းကိုဖော်ပြလိုပါ၏။ ကျွန်တော်တို့ ကရင်လူမျိုးထဲတွင် ရှေ့ဦးသာသနာပြုဖြစ်သော ကိုသာဖြူ၏ဘဝအသက်တာအစသည် မကောင်းခဲ့ပါ။ သူသည် ငယ်စဉ်အခါအင်မတန်မှဆိုးသွမ်းသော လူဆိုးလူမိုက်တစ်ယောက်ဖြစ်ခဲ့ပါ၏။၁၆.၅.၁၈၂၈တွင် အသက်တာပြောင်းလဲပြီး နှစ်ခြင်းမင်္ဂလာခံယူခဲ့ပါသည်။ ထို့နောက် မိမိအသက်တာကို ဘုရားသခင်၏အမှုတော်မြတ်ထဲတွင် အချိန်ပြည့်ဆက်ကပ်ခဲ့ပါသည်။ နေရာအနှံ့ဧဝံဂေလိတရားကို လိုက်လံဟောပြောပြီး လူပေါင်း(၁၂၇၀)အထိ အသက်တာပြောင်းလဲခဲ့ပါသည်။ အံဩဘွယ်ရာ ဘုရားသခင်၏ အသုံးပြုခြင်းခံရပြီး ကရင်လူမျိုးများအတွက် သမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ မည်မျှပင်ဆိုးသွမ်းသောသူဖြစ်စေကာမူ ခရစ်တော်အားဖြင့် အသစ်သောအသက်တာအဖြစ်ပြောင်းလဲခဲ့ပါသည်။ ထို့ကြောင့် သခင်ယေရှုအားနှလုံးသားထဲခေါ်ဖိတ်လက်ခံပါက အသစ်သောအသက်တာသို့ ပြောင်းလဲမည်သွားဖြစ်သည်။
ဖလားဆဲ