Happy New Year(2022)

Share

Happy New Year(2022)

1.1.2022(Saturday)

ဆာလံကျမ်း ၁၁၈:၂၄“ထိုအမှုသည်ထာဝရဘုရားပြုသော အမှုဖြစ်၏။ငါတို့၏ မျက်မှောက်မှာလည်း အံ့ဩဘွယ်ဖြစ်၏။ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လမ်းကြကုန်အံ့”

ရှေ့ဦးစွာ Happy New Yearဟု နှုတ်ခွန်းဆက်လိုပါသည်။ နှစ်ဟောင်းများကုန်လွန်၍ နှစ်သစ်သို့ တဖန်ရောက်ခဲ့ပြန်ပါပြီး။ သို့သော် နှစ်သစ်သို့ ဝင်စားရခြင်းအခွင့်သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ပင်ဖြစ်ပါသည်။

နှစ်သစ်တိုင်းတွင် အာဘောင်အာရင်သန်စွာဖြင့် ကျွန်တော်တို့သည် ရည်မှန်းချက်များ၊ မျှော်လင့်ချက်များစွာဖြင့် ကြွေးကြော်ခဲ့ကြပါသည်။ တခါတရံ ခက်ခဲသော အချိန်များ၌ မဖြစ်ချင်တာတွေဖြစ်လာ၊ မမျှော်လင့်သောအရာများဖြစ်လာသောအခါ စိတ်ပျက်ကြရပါသည်။ စာရေးသူကိုယ်တိုင်လည်း နှစ်ဟောင်းတွင်အချို့သော ရည်မှန်းထားသောအရာများဖြစ်မလာခဲ့ပါ။ သို့သော် မိမိ၏အကြံအစည်ထက် ဘုရားသခင်၏ အကြံအစည်အတိုင်းလက်တော်ထဲအပ်နှံသောအခါ မမျှော်လင့်သော ကောင်းချီးများ၊ ကွယ်ကာ၊ လမ်းပြမှုများကို ခံစားသိရှိလာခဲ့ပါသည်။ ယခုတော့ ၂၀၂၂ခုနှစ်ရောက်လာခဲ့ပြီးဖြစ်ပါသည်။ ကျေးဇူးတော်ကြောင့်ပင်ဖြစ်ပါသည်။ နှစ်သစ်၏ စိန်ခေါ်မှုများက ကျွန်တော်တို့ကို စောင့်ကြိုလို့နေပါသည်။ ထိုစိန်ခေါ်မှုများကို ဘုရားသခင်၏ လမ်းပြခြင်း၊ သွန်သင်ခြင်း၊ကွယ်ကာခြင်းဖြင့်သာ လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့်ဘုရား ပေးသောခွန်အားဖြင့်နှစ်သစ်ကို လျှောက်လှမ်းကြရအောင်။

ဖလားဆဲ