အဆုံးသတ်ကောင်း
30.12.2021(Thursday)
၁ကော ၉:၂၄“မြေတလင်း၌ပြိုင်၍ ပြေးသောသူအပေါင်းတို့သည်ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်းသာလျှင်ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည့်အကြောင်း ပြေးကြလော့”
အပြေးပြိုင်တစ်ခုကို ပြိုင်သည့်အခါတွင် အစအလယ်အဆုံးကောင်းမွန်မှသာ ဆုတံဆိပ်များကိုရရှိမည်ဖြစ်ပါသည်။ ကုန်ပစွည်းများမိတ်ဆက်သည့်အခါတွင်လည်း အဖွင့်နှင့်အလယ်သည် အရေးကြီးပါ၏။ သို့သော် နိဂုံးချုပ်၌ အရောင်းအဝယ်ဖြစ်ရေးသည် အခရာပင် မဟုတ်ပါလော။
ထိုအတူပဲ ယုံကြည်သူခရစ်ယာန်အသက်တာ လျှောက်လှမ်းကြသည့်အခါဝယ် အဆုံးသတ်ကောင်းသောအသက်တာဖြစ်ရပါမည်။ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင် ရှောလု၊ ရှောလမုန်၊ဒါဝိဒ်၊ ရှံဆုန်၊ဧလိ၊ ရှမွေလ၊မောရှေ၊ယောဘ၊ ရှင်ပေတရု၊ ရှင်ပေါလုတို့၏အသက်တာများကို လေ့လာသည့်အခါတွင် အဆုံးသတ်ကောင်းသူ(သို့မဟုတ်)အဆုံးသတ်မကောင်းသူများကို တွေ့ရမည်ဖြစ်သည်။ အချို့က အစ၊အလယ်ကောင်းပြီး အဆုံးသတ်မလှသောအဖြစ်မျိုးရှိခဲ့ပါသည်။ သို့သော် အရေးကြီးဆုံးမှာ အဆုံးသတ်ကောင်းဖို့ပင်ဖြစ်ပါ၏။ ကျွန်တော်တို့ ကရင်လူမျိုးထဲတွင် ရှေ့ဦးသာသနာပြုဖြစ်သော ကိုသာဖြူ၏ဘဝအသက်တာအစသည် မကောင်းခဲ့ပါ။ ၁၆.၅.၁၈၂၈တွင် အသက်တာပြောင်းလဲပြီး နှစ်ခြင်းမင်္ဂလာခံယူခဲ့ပါသည်။ ထို့နောက် မိမိအသက်တာကို ဘုရားသခင်၏အမှုတော်မြတ်ထဲတွင် အချိန်ပြည့်ဆက်ကပ်ခဲ့ပါသည်။ နေရာအနှံ့ဧဝံဂေလိတရားကို လိုက်လံဟောပြောပြီး လူပေါင်း(၁၂၇၀)အထိ အသက်တာပြောင်းလဲခဲ့ပါသည်။ အံဩဘွယ်ရာ ဘုရားသခင်၏ အသုံးပြုခြင်းခံရပြီး ကရင်လူမျိုးများအတွက် သမိုင်းဝင်ပုဂ္ဂိုလ် တစ်ဦးဖြစ်ခဲ့သည်။ သူ၏ဘဝအသက်တာအစခရီးကတော့ မကောင်းခဲ့သော်လည်း အဆုံးသတ်အရမ်းလှပခဲ့ပါသည်။ ထို့ကြောင့် မိမိရှိသည့်နေရာမှ ခရစ်တော်အတွက်အဆုံးသတ်ကောင်းသောသူများအဖြစ်လျှောက်လှမ်းကြရအောင်။
ဖလားဆဲ