မင်္ဂလာရှိသောအမျိုးသမီး
22.12.2021(Wednesday)
လုကာ ၁:၃၀“ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကို ခံရသောမိန်းမ၊ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏”
သခင်ယေရှုမွေးဖွားလာခြင်းဖြစ်စဉ်ကို လေ့လာသည့်အခါတွင် မယ်တော်မာရိသည် အရေးပါသောဂဏ္ဍတွင် ပါဝင်ပါသည်။ ကမ္ဘာကြီးထဲ အမျိုးသမီးမြောက်များစွာရှိသည်အနက် မာရိသည် သူငယ်တော်ကိုမွေးဖွားဖို့ရန် ရွေးချယ်ခြင်းခံရပါသည်။
မာရိသည်ယောသပ်နှင့် ထိမ်းမြားမင်္ဂလာဆောင်နှင်းပြီးဖြစ်ပေမဲ့လည်း သန့်စင်သောအပျိုကညာဖြစ်ပါသည်။ ထိုအရာသည် ဘုရားသခင်၏အကြံအစည်တော်ဖြစ်ပါ၏။ ယုဒလူမျိုးတို့၏ ထုံးစံအရ မထိမ်းမြားမဆောင်နှင်းရသေးသော အမျိုးသမီးတစ်ယောက်သည် ကိုယ်ဝန်ရှိလာပါက လူမှုရေးအရ ဘယ်လိုမှ လက်ခံ၍မရသော ပြစ်ချက်တစ်ခုဖြစ်ပါသည်။ ပတ်ဝန်းကျင်တွင်အကြီးအကျယ်ပြဿနာတတ်မည်ဖြစ်သည်။ ထို့ကြောင့် ယောသပ်နှင့် ထိမ်းမြားဆောင်းနှင်းပြီးဖြစ်သောကြောင့် လူမှုရေးအရ လက်ခံနိုင်စရာကို ဘုရားသခင်သည်ပြင်ဆင်ထားပေးပါသည်။ ပရောဖတ်များဟောကြားခဲ့သည်အတိုင်း မေရှိယအရှင်သည် အပျိုကညာဝမ်းမှ မွေးဖွားလာမည်ဟူသော အချက်သည် ပြည့်စုံလာခဲ့ပါသည်။ အစပထမတွင် မာရိသည် ကောင်းကင်တမန်ထံမှ သတင်းစကားကို ကြားရသည့်အခါတွင် ကြောက်ရွံ့နေမည်ဖြစ်သည်။သို့သော သူမသည်ဘုရားသခင်၏အကြံအစည်တော်ကို လက်ခံခဲ့ပါသည်။ လုကာ ၁:၃၈တွင် “အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏။ ကိုယ်တော်၏စကားအတိုင်းအကျွန်ုပ်၌ဖြစ်ပါစေသော”ဝန်ခံခဲ့ပါသည်။ ဤနေရာတွင် မာရိ၏ နာခံခြင်းနှလုံးသားကို တွေ့ရမည်ဖြစ်သည်။ မာရိ၏ နာခံခြင်းရှိသောနှလုံးသားက သူမအား မင်္ဂလာရှိသော အမျိုးသမီးဖြစ်စေခဲ့ပါသည်။
ဖလားဆဲ