နှိမ့်ချခြင်းဖြင့် မွေးဖွားလာ

Share

နှိမ့်ချခြင်းဖြင့် မွေးဖွားလာ

18.12.2021(Saturday)

လုကာ ၂:၁၂“သင်တို့သည် အဘယ်နိမိတ်ဖြင့်သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင်ပတ်ရစ်၍ နွားစားခွက်၌သိပ်ထားလျက် ရှိသည်ကိုတွေ့ကြလိမ့်မည်ဟုဆိုပြီးလျှင်”

ထူးမြတ်သောအရာများထဲတွင် “နှိမ့်ချခြင်းမင်္ဂလာ”တည်းဟူသောစကားလုံးလေးသည် အင်မတန်မှ တန်ဖိုးရှိလှပါသည်။ နှိမ့်ချခြင်းဟူသောအရာစကားလုံးလေးသည် လှပသော်လည်း လိုက်လျှောက်ဖို့ရန်မှာ ပေးဆပ်မှု၊ အနစ်နာခံမှုတို့ရှိမှသာ လိုက်လျှောက်နိုင်မည်ဖြစ်သည်။

ကယ်တင်ရှင်မေရှိယတည်းဟူသော ယေရှုခရစ်တော်သည် နှိမ်ချခြင်းဖြင့် ဤကမ္ဘာကြီးထဲ မွေးဖွားခဲ့ပါသည်။ ယနေ့ခေတ်ကာလထဲတွင် နွားတင်းကုပ်ထဲတွင် မွေးဖွားလာသောအဖြစ်အပျက်မျိုးသည် ရှားပါးလို့နေမည်ဖြစ်သည်။ သို့သော်သခင်ယေရှုသည် မွေးဖွားဖို့ရန်နေရာမရှိသောကြောင့်နွားတင်းကုပ်ထဲတွင် နှုံချာစွာဖြင့် မွေးဖွားခဲ့ရပါသည်။ သခင်ယေရှုခရစ်တော်၏အသက်တာသည် တပည့်ေတာ်များအတွက်သော်၎င်း၊ ကျွန်တော်တို့အတွက်သော်၎င်း၊ အတုယူစရာများစွာဖြစ်စေခဲ့ပါသည်။ မွေးဖွားချိန်မှ လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်းခံရသည်အထိ အနှောင့်အယှက်များ၊ အတိုက်အခိုက်များကြားထဲ ရှင်သန်လျှောက်လှမ်းခဲ့ရပါသည်။ သို့သော် သခင်ယေရှုသည် နှိမ့်ချခြင်းဖြင့် အရာအားလုံးကို ကျော်ဖြတ်ခဲ့သည်။အကောင်းဆုံးပုံသက်သေများမှာ နွားတင်းကုပ်ထဲမွေးလာခြင်းနှင့် တပည့်တော်များ၏ခြေကိုဆေးပေးခြင်းများဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည်လည်းနှိမ့်ချခြင်းမင်္ဂလာကို ယူတင်ဝတ်ဆောင်ခြင်းဖြင့် ခရစ်စ္စမက်ချိန်ခါတွင် မိမိအသက်တာကိုအလှဆင်ကြရအောင်။

ဖလားဆဲ