(၁၂)အကောင်းဆုံးအသက်ရှင်ပါ။

Share

ရောမ 12:1”ညီအကိုတို့ အသက်ရှင်ခြင်းလက္ခဏာ သန့်ရှင်းခြင်းလက္ခဏာ ဘုရားသခင်နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့်ပြည့်စုံသောယဇ်ကိုပူဇော်၍ မိမိ ကိုယ်ခန္ဓာကို ဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြုအပ် သော ဝတ်ကို ပြုမည်အကြောင်း ဘုရားသခင်၏ ဂရုဏာတော်ကို ထောက်ထား၍ သင်တို့ကို ငါတိုက်တွန်းနှိုးတော်ပေ၏။”

လူ့ဘောင်လောကအဖွဲ့အစည်းထဲတွင် ကောင်းမွန်စွာအသက်ရှင်သောသူကို လူသားတိုင်း လေးစား ကြသည်ကိုတွေ့ရမှာဖြစ်သည်။ လူ့သမိုင်းအဆက်ဆက်တွင်လည်း အများအကျိုးအတွက် အကောင်းဆုံးပေးဆပ်အသက်ရှင်သူများသည် ခန္ဓာအားဖြင့်သေဆုံးသွားခဲ့ကြပေမဲ့လည်း အမည် များသည် နောင်လာနောင်သားများအတွက် သမိုင်းတွင်ကျန်ခဲ့ကြပါသည်။ အချို့သောသူများ သည်လည်း အလွန်ဆိုးသွမ်းသော လူဆိုးလူမိုက်များဖြစ်လင့်ကစား ဘုရားသခင်၏ မေတ္တာကို ခံစားရပြီး အသက်တာပြောင်းလဲကာ ကျန်ရှိသော ဘဝအသက်တာကို အကောင်းဆုံး ရှင်သန် လျှောက်လှမ်းခဲ့ကြပါသည်။  သမ္မာကျမ်းစာထဲတွင် ဖတ်ကြည့်ပါက လူ‌ပုဂ္ဂိုလ်ပေါင်းစုံကို တွေ့ရ မည်ဖြစ်သည်။ ဘုရားသခင်၏ စကားတော်အလိုတော်ကို သိပြီး နာခံခြင်းဖြင့် လျှောက်လှမ်း သော သူများသည် ဘုရားဘုန်းတော်ထင်ရှားခဲ့ကြပါသည်။သို့သော် ဘုရားသခင်၏ စကားတော် အတိုင်း မလိုက်လျှောက်သောသူများသည် ခါးသီးခြင်းဖြင့် ဘဝကို အဆုံးသတ်ခဲ့ကြရပါသည်။ ဒါဝိဒ် မင်းကြီး ၏ ဘဝအသက်တာကို ကြည့်မိဆိုလျှင် သူသည် အမှားနှင့်မကင်းခဲ့ပါ။ သို့သော်သူသည် မိမိအမှားကို သိရှိပြီး နောင်တနှလုံးသားဖြင့် ဘုရားသခင်ထံဝန်ချတောင်းပန်ခဲ့သောကြောင့် ဘုရား သခင်သည် သူ၏ စစ်မှန်သောနောင်တနှလုံးသားကို လက်ခံခဲ့ပါသည်။ ထိုကြောင့်လည်း ဘုရား သခင်သည် ဒါဝိဒ်မင်းကြီးကို “သူ၏စိတ်နှလုံးနှင့် ညီညွတ်သောသူ”ဟု ချီးမွမ်းခဲ့ပါသည်။ ထိုအတူပဲ ကျွန်ုပ်တို့အယောက်စီတိုင်းသည်အားနည်းခြင်းများ မစုံလင်မှုများရှိသော်ငြားလည်း နေ့ရက်စဉ်တိုင်း ကောင်းမွန်စွာအသက်ရှင်လျှောက်လှမ်းရန် ဘုရားသခင်အလိုတော်ရှိပါသည်။ အပြစ်ဒုစရိုက်ထဲ မျောမပါသွားဖို့ရန်လိုပါသည်။ ဘုရားသခင်ပေးသော ဝိညာဉ်ခွန်အားမရှိပါက ကောင်းမွန်စွာ အသက် ရှင် နိုင်မည်မဟုတ်ပေ။ ကောင်းမွန်သော ဘဝအသက်တာလျှောက်လှမ်းနိုင်ဖို့ရန် ဝိညာဉ် ခွန်အား ရှိမှသာ နိုင်မည်ဖြစ်သည်။ ထိုသို့ဝိညာဉ်ခွန်အားရရှိဖို့ရန် ဘုရားသခင်နှင့်အကျွမ်းဝင်၍ မိတ်သဟာ ရဖွဲ့ခြင်း ဆုတောင်းခြင်း ကျမ်းစာဖတ်ခြင်းများနေ့ရက်စဥ်တိုင်းလုပ် ဆောင်ရမည်ဖြစ်သည်။ ဘုရား သခင်နှင့်အစပြုသော ဘဝခရီးသည် အဆုံးသတ်တွင် လှပလို့‌ နေမှာဖြစ်သည်။ ထို့ကြောင့် မိမိ၏ ခန္ဓာစိတ်ဝိညာဉ်ကို ဘုရားသခင်လက်ထဲဆက်ကပ်အပ်နှံပြီးအကောင်းဆုံးအသက်ရှင် လျှောက်လှမ်း ကြပါ စို့ဟု ခွန်အားပေးလိုပါသည်။