သတင်းကောင်း
17.12.2021(Friday)
လုကာ ၂:၁၀“ကောင်းကင်တမတ်ကလည်း၊ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်စရာသိတင်းကို ငါသည်သင်တို့အားကြားပြောရ၏”
ကျွန်တော်တို့သည်လောကကြီးထဲ အသက်ရှင်နေထိုင်သွားလာကြသည့်အခါတွင် သတင်းကောင်းနှင်သတင်းဆိုးများကို နေ့စဉ်ရင်ဆိုင်ကြားကြရပါသည်။ အထူးသဖြင့် မိမိ၏ဘဝအသက်တာထဲတွင်သတင်းဆိုးများကြားရသောအခိုက်အတန့်တွင် နှလုံးကြေကွဲဝမ်းနည်းကြရပါသည်။
ဓမ္မဟောင်းကျမ်းထဲတွင် က္ကသရေလလူများသည် ခက်ခက်ခဲခဲ ဖြတ်သန်းရသောအချိန်များရှိခဲ့ပါသည်။ က္ကသရေလလူမျိုးများသည် အဲဂုတ္တုပြည်၌ ညှင်းဆဲခြင်းခံရစဉ်တွင် မောရှေအားဖြင့် ဘုရားသခင်ထံမှလာသော သတင်းကောင်းကို ရရှိခဲ့ပါသည်။ ထိုသတင်းကောင်းကတော့ နို့နှင့်ပျားရည်စီးသော ခါနာန်ပြည်သို့ ဝင်စားဖို့ရန်ဖြစ်သည်။ ထိုသတင်းကောင်းဟူသော ဂတိတော်အားဖြင့် က္ကသရေလူများသည် အဲဂုတ္တုပြည်မှ ကျွန်ခံနေရာမှလွှတ်မြောက်လာခဲ့ပါသည်။ သတင်းကောင်းသည် လူတွေမျှော်လင့်ချက်မဲ့ချိန်တွင် အင်မတန်မှခွန်အားဖြစ်စေပါသည်။ ထိုအတူပဲ ဓမ္မသစ်ကျမ်းထဲတွင်လည်း သခင်ယေရှုမွေးဖွားလာသောသတင်းကောင်းသည် ယုဒလူမျိုးများအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းစေခဲ့ပါသည်။သခင်ယေရှုမွေးဖွားလာချိန်တွင် ယုဒလူမျိုးများသည် ရောမတို့၏ အုပ်ချုပ်မှုအောက်တွင် ခက်ခဲစွာရှင်သန်ကြရပါသည်။ ထိုအချိန်တွင် ကယ်တင်ရှင်၊မေရှိယ၊မွေးဖွားလာပြီဟူသော သတင်းကောင်းသည် အင်မတန်မှ ယုဒလူမျိုးများအတွက် ဝမ်းမြောက်ဘွယ်ရာသတင်းကောင်းဖြစ်စေခဲ့ပါသည်။ အခက်ခဲဒုက္ခများကြားထဲမှ ဝမ်းမြောက်ဝမ်းမြောက်နိုင်ခဲ့ပါသည်။ ထိုအတူပဲကျွန်တော်တို့၏ဘဝအသက်တာတွင်လည်း သတင်းဆိုးများကြောင့် တစ်ခါတစ်ရံစိတ်ပျက်စရာများရှိနိုင်ပါသည်။ သို့သော် ခရစ်စ္စမက်ရောက်တိုင်းမပြောင်းမလဲသောအရာတစ်ခုမှာ ကယ်တင်ရှင်မေရှိယမွေးဖွားလာပြီးဟူသောသတင်းကောင်းဖြစ်ပါသည်။ ထိုသတင်းကောင်းသာလျှင် သင်နှင့်ကျွန်ုပ်အား ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်းကို ပေးမည်ဖြစ်သည်။ ထို့ကြောင့် ခရစ်စ္စမက်ချိန်ခါတွင် သတင်းကောင်းတည်းဟူသော ကယ်တင်ရှင်ယေရှုခရစ်တော်အားနှလုံးသားထဲ ခေါ်ဖိတ်လက်ခံကြပါစို့။
ဖလားဆဲ