ခရစ်စ္စမက်၏ပုံသက်သေ

Share

ခရစ်စ္စမက်၏ပုံသက်သေ

12.12.2021(Sunday)

မဿဲ ၅:၉“သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရလတ္တံ”

နှစ်တစ်နှစ်၏ အဆုံးဖြစ်သော ဒီဇင်ဘာလသည်အင်မတန်မှ ချမ်းအေးလှသောလတစ်လဖြစ်သည်။ စာရေးသူကိုယ်တိုင် ရာသီဥတုသုံးခုရှိသည့်အနက် ဆောင်းရာသီကို ပိုမို၍နှစ်ခြိုက်သဘောကျမိပါသည်။

၁၉၄၂ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး၏တိုက်ပွဲအပြင်းဆုံးအချိန်မှာ အေးချမ်းသောဆောင်းညအချိန်ဆိုရောက်ရှိလာပါသည်။ အနောက်ဘက်စစ်မျက်နှာတွင် ဗြိတိန်နှင့် ဂျာမနီတို့သည် တိုက်ပွဲပြင်းထန်နေချိန်ဖြစ်သည်။ သို့သော် ၁၉၄၂ ဒီဇင်ဘာလ ၂၅ရက်နေ့တွင် တိုက်ပွဲသည်ရပ်တန့်သွားခဲ့ပါသည်။တစ်ဖက်နှင့်တစ်ဖက်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသောရန်သူများသည် ထိုနေ့တွင် စစ်ပွဲကိုရပ်ပွဲရပ်နားပြီး ခရစ်စ္စမက်ပွဲတော်ကိုကျင်းပကြပါသည်။ အတူတကွဓမ္မသီချင်းများအတူဆို၊ ဘောလုံးကန်၊ ပျော်ပွဲရွှင်ပွဲများကျင်းပပြီး ခရစ်စ္စမက်ချိန်ခါကို ဖြတ်သန်းကြပါသည်။ အမုန်းများ၊ အာကာဃများကို ချန်ထားကာ အတူတကွ ငြိမ်းချမ်းစွာဆင်နွှဲကြပါသည်။အင်မတန်မှ လှပသောခရစ်စ္စမက်၏ပုံသက်သေတစ်ခုဖြစ်ခဲ့ပါသည်။ သို့သော်နောက်ရက်တွင် တိုက်ပွဲကို ပြန်လည်စတင်တာ တိုက်ခိုက်ကြပါသည်။ ထိုသမိုင်းဝင်ခရစ်စ္စမက်ညနေခင်းကို မှတ်တမ်းတင်ပြန်လည်ရိုက်ကူးသောဇာတ်ကားများလည်းရှိပါသည်။ ခရစ်စ္စမက်၏ ပုံသက်သေမှာ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်ချမ်းကို အသွင်သဏ္ဍန်ဆောင်ပါသည်။ အဘယ်ကြောင့်ဆိုသော သခင်ယေရှုကြွမြန်းလာခြင်းသည် လူသားများအတွက်အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းစကားကို ကြားသိဖို့ရန်ဖြစ်သည်။ ခရစ်စ္စမက်မှာ ပျော်ရွှင်ဝမ်းမြောက်ခြင်းရှိပါစေဟုတောင်းဆုပြုပါသည်။

ဖလားဆဲ