ခရစ်စ္စမက်အမှတ်တရ
11.12.2021(Saturday)
လုကာ ၂:၁၁“ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ”
ခရစ်စ္စမက်နှင့် ပတ်သတ်လျှင် အယောက်စီတိုင်းအမှတ်တရကိုယ်စီရှိဖူးကြမည်ဖြစ်သည်။ ကျွန်တော်ငယ်ငယ်တုန်းက ခရစ်စ္စမက်ကျောင်းပိတ်ရက်ရောက်တိုင်း မွေးရပ်မြေသို့ ပြန်လာပါသည်။ တောရွာသဘောသဘာဝအရ လယ်ကွင်းပြင်ကြီးတွင်၊ ဘောလုံးကန်၊ အပြေးပြိုင်၊ တန်းခုန် စသဖြင့် အားကစားပြိုင်ပွဲများပြုလုပ်ကြပါသည်။ အရမ်းပျော်ရွှင်ခဲ့ပါသည်။
အရွယ်ရောက်လာသောအချိန်တွင် ဟိုယခင်က ခရစ်စ္စမက်ချိန်ခါလေးကို ပြန်လည်တောင့်တလိုချင်မိပါသည်။ ယနေ့ခေတ်မှာတော့ မြိုပြများတွင် ရောဂါဘယအခြေအနေအမျိုးမျိုးကြောင့် ဆိုရှယ်မီဒီယာအားဖြင့် ခရစ်စ္စမက်ကို ဖြတ်သန်းနေကြရပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အခြေအနေအားလုံးကို ထိန်းချုပ်ထားသောသူမှာ ဘုရားသခင်သာဖြစ်ပါသည်။ ကျွန်တော်တို့အနေနဲ့ လာမည့်နေ့ရက်များကို အကောင်းဆုံးရှေ့ဆက်ရမည်မှာသာဖြစ်သည်။ လူသားများအနေဖြင့်ဝမ်းနည်းရချိန်နှင့်ဝမ်းသာချိန်၊ ပျှော်ရွှင်ချိန်နှင့် အားငယ်ချိန်သည် တလှည့်စီကြုံတွေ့ကြရပါသည်။ ပျှော်ရွှင်ဘွယ်ရာ ခရစွမက်ချိန်ခါ ဖြတ်ကျော်နိုင်ဖို့ရန်မှာ ဘုရားပေးသော ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းရှိမှသာ ဝမ်းမြောက်နိုင်မည်ဖြစ်သည်။ လွန်ခဲ့ပြီးသော ခရစ်စ္စမက်အမှတ်တရများကိုပြန်လည်အောက်မေ့သတိရပြီး အခက်ခဲများကြားထဲမှ ခရစ်တော်မွေးနေ့ကို အကောင်းဆုံးကြိုဆိုကြစို့ဟုအားပေးလိုပါသည်။
ဖလားဆဲ