အဖိုးထိုက်သောလက်ဆောင်
10.12.2021(Friday)
မဿဲ ၂:၁၁“အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ၊သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ဘဏ္ဍာ ဥစွာတို့ကိုဖွင့်ပြီးမှ လောဗန်နှင့်မုရန်တည်းဟူသော နံ့သာမျိုးကို၎င်း၊ ရွှေကို၎င်းဆက်ကပ်ပူဇော်ကြ၏”
ကျွန်တော်တို့၏ဘဝအသက်တာတွင်လက်ဆောင်ရဖူးကြမည်ဖြစ်သည်။ အထူးသဖြင့် မထင်မမှတ်ထားသောအချိန်တွင် ရရှိသောလက်ဆောင်သည် အင်မတန်မှ ပျှော်စရာကောင်းလှပါသည်။
သမ္မာကျမ်းစာထဲမှာတော့ သခင်ယေရှုမွေးဖွားလာချိန်တွင် ပထမဆုံးလက်ဆောင်ဘဏ္ဍာများယူဆောင်လာသောသူများမှာ မာကုပညာရှိများဖြစ်သည်။ လက်ဆောင်(၃)မျိုးမှာ ရွှေ၊လောဗန်၊မုရန်များဖြစ်ပါသည်။ ပစွည်းတစ်ခုစီသည် အရည်အသွေးတစ်ခုစီကို ပုံဆောင်ပါသည်။ ရွှေကတော့ ယုဒရှင်ဘုရင်ဖြစ်ခြင်းကို ပုံဆောင်ပါသည်။သခင်ယေရှုမွေးဖွားချိန်ခါတွင် ရှင်ဘုရင်သည် ရွေအများဆုံးပိုင်ဆိုင်ထားသူများဖြစ်သည်။ လောဗန်ကတော့ အပင်တစ်မျိုးမှရရှိလာသော အဆီဖြစ်ပါသည်။ မီးရှို့လိုက်ပါက အင်မတန်မှ မွှေးကြိုင်ပါသည်။ မုရန်ကတော့ မွှေးပါသည်။ သို့သော်ခါးသည်။ထို့အပြင် လူသေများကို မပုပ်မသိုးအောင်လုပ်နိုင်ပြီး၊အနာများကို ပျောက်ကင်းစေနိုင်သောအစွမ်းရှိပါသည်။ လက်ဆောင်ဘဏ္ဍာများသည် သူအစွမ်းနဲ့သူ အာနိသင်ကိုယ်စီရှိကြပါသည်။ မာကုပညာရှိများကတော့ အကောင်းဆုံးလက်ဆောင်ဘဏ္ဍာများကို ဆက်သခဲ့ကြပါသည်။ ထိုအတူပဲ ကျွန်တော်တို့၏ အသက်တာတွင်လည်း သခင်ယေရှုမွေးဖွားလာခြင်းအတွက် မည်သည့်အရာများပြန်လည်ပေးဆပ်ကြမလဲ။ မိမိအသက်တာထဲမှ အကောင်းဆုံးအရာများကို အငယ်ဆုံးသောသူများအတွက် စွန့်ကြဲပေးကမ်းသမျှသည် ခရစ်တော်အားပြုသည့်အမှုဖြစ်ပါသည်။ ခံစားရရှိသောကောင်းကြီးများစွာထဲမှ လိုနေသူများကို စွန်ကြဲခြင်းဖြင့် ခရစ်တော်မွေးနေ့ကို ကြိုဆိုကြရအောင်။
ဖလားဆဲ