Merry Christmas (မယ်ရီခရစ်စ္စမက်)

Share

Merry Christmas (မယ်ရီခရစ္စမက်)

8.12.2021(Wednesday)

လုကာ ၂:၁၀“ကောင်းကင်တမန်ကလည်း၊ကြောက်ရွံ့ခြင်းမရှိကြနှင့်။လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည်သင်တို့အားကြားပြောရ၏”

ခရစ်စ္စမက်ချိန်ခါရောက်တိုင်း ယုံကြည်သူခရစ်ယာန်တိုင်းသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါတွင် မယ်ရီခရစ္စမက်ဟုနှုတ်ခွန်းဆက်ကြပါသည်။

ခရစ်တော်မွေးဖွားသောနေ့ကိုကြိုဆိုသောအားဖြင့် ခရစ်‌စွမက်တွင် ပျှော်ရွှင်ဝမ်းမြောက်ကြပါသည်။ Merry ၏အဓိပ္ပာယ်မှာ ကောင်းကြီးမင်္ဂလာ၊ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်းဖြစ်ပါသည်။ Christကတော့ ကယ်တင်ရှင်၊မေရှိယဖြစ်သည်။ Massကတော့ လူထူဖြစ်ပြီး Christmas ကတော့ လူနှင့်ဘုရားပေါင်းစည်းခြင်းကိုဖော်ညွှန်းခြင်းဖြစ်သည်။ Merry Christmasကတော့ ခရစ်တော်မွေးဖွားတဲ့ကာလမှာ လူသားအားလုံး ပျှော်ရွှင်ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်းရရှိပါစေဟု ဆုတောင်းမေတ္တာပို့သခြင်းဖြစ်ပါသည်။ AD 336တွင် ပုဒ်ရဟန်းမင်းကြီး Julius (1)မှစတင်ပြီး ဒီဇင်ဘာလ(၂၅)ရက်နေ့ကို ခရစ်စ္စမက်နေ့အဖြစ်သတ်မှတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် နိုင်ငံအသီးသီးတွင် ခရစ်စ္စမက်ပွဲတော်ကို ကျင်းပလာကြပါသည်။ ခရစ်တော်မွေးဖွားလာခြင်းသည် လူသားများကို အပြစ်မှကယ်တင်ပြီး ထာဝရအသက်ရရှိဖို့ရန်ကြွမြန်းလာခြင်းဖြစ်သည်။ နှလုံးသားထဲ ခေါ်ဖိတ်လက်ခံပါက သင်နှင့်အတူအစဉ်ထာဝရရှိနေမည်ဖြစ်သည်။ ခရစ်စ္စမက်၏အဓိပ္ပာယ်ကို သိခြင်းနဲ့အတူ ဝမ်းမြောက်ဘွယ်ရာသတင်းကောင်းကို ဝေငှကြပါစို့။

ဖလားဆဲ