ဆုတောင်းခြင်းနဲ့ဖြတ်ကျော်ပါ

Share

ဆုတောင်းခြင်းနဲ့ဖြတ်ကျော်ပါ
7.12.2021(Tuesday)

ယာကုပ် ၁:၆“သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုကြည်သောစိတ်နှင့် တောင်းရမည်။တွေးတောခြင်းရှိသောသူကား၊လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတပိုးနှင့်တူ၏”

ယုံကြည်ခြင်းခိုင်ခံ့သောအသက်တာသို့ လျှောက်လှမ်းသည့်အခါတွင် ဆုတောင်းခြင်းသည် အရေးပါသောအရာတစ်ခုဖြစ်သည်။ ဆုတောင်းခြင်းအားဖြင့် အခြေအနေတွေ၊ ကြုံဆုံရသောအခက်ခဲဒုက္ခပြဿနာများသည် ပြောင်းလဲသွားနိုင်ပါသည်။ ထိုအပြင့် ဆုတောင်းခြင်းသည် မိမိ၏အသက်တာထဲမှ မလွတ်မြောက်နိုင်သောအပြစ်တရား၏ချည်နှောင်မှုများကို လွန်မြောက်သွား‌စေနိုင်ပါသည်။
ဆရာကြီးဂျော့မူးလယ်က”ဘုရားရှင်ထံ ဆုတောင်းခြင်းဖြင့် အကြိမ်ကြိမ်ချဉ်းကပ်ခြင်းကိုမပြုပါက မည်သူမျှသူ၏အတွင်းစိတ်ယိုယွင်းမှုကို အောင်နိုင်မည်ဟု မထင်ပါနှင့်”ဟုပြောခဲ့ပါသည်။တစ်ခါက ဆရာကြီးဂျော့မူးလယ်၏ မိဘမဲ့ကလေးဂေဟာတွင် မနက်စာအတွက် အစားအစားဝယ်ဖို့ရန်ငွေမရှိတော့ပေ။ ကလေးများနှင့် ဆရာများက သူအားပူပန်စွာဖြင့် လာရောက်ပြောပါသည်။ ထို့နောက်သူသည်ဘာစကားမှပြန်မပြောဘဲ ဆုတောင်းခန်းသို့ဝင်သွားကာ ယုံကြည်စွာဖြင့် ဘုရားသခင်ကူမဖို့ရန်တောင်းလျှောက်ခဲ့ပါသည်။ များမကြာမှီပင် သူမထင်မှတ်ထားသောသူထံမှ အစားအစာအတွက်ပေးလှူဖို့ရန်ဖုန်းခေါ်လာပါသည်။ ကလေးများအတွက် လုံလောက်သောအစာများရရှိခဲ့ပါသည်။ထို့ကြောင့် ဆုတောင်းခြင်းသည်အရာအားလုံးကို ပြောင်းလဲသွားစေနိုင်ပါသည်။ ယုံကြည်စွာဖြင့် ဆုတောင်းပါက ဘုရားသခင်နားညောင်းတော်မူမည်ဖြစ်သည်။ ထို့ကြောင့် ဆု‌တောင်းကြရအောင်။
ဖလားဆဲ