လောကဝမ်းမြောက်၊ဘုရားကြွလာ
6.12.2021(Friday)
ဆာလံကျမ်း ၉၈:၄“မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအားကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက်၊ ချီးမွမ်းကြလော့”
ခရစ်စ္စမက်ချိန်ခါတွင် ခရစ်စ္စမက်Carol သီချင်းများကို နေရာအနှံ့ကြားကြရမည်ဖြစ်သည်။ ယခုလိုcovid-19ရောဂါအခြေအနေကြောင့် ဆိုရှယ်မီဒီယာပေါ်တွင် သီချင်းများကို နားဆင်လို့ရပါသေးသည်။ ကျေးဇူးတော်ပင်ဖြစ်ပါသည်။
အများအားဖြင့်ခရစ်စ္စမက်သီချင်းများသည် ခရစ်တော်၏မွေးဖွားလာခြင်းကို ဝမ်းမြောက်ခြင်းစွာဖြင့် ကြိုဆိုဖို့ရန်ရေးစပ်ထားသောသီချင်းများဖြစ်ပါသည်။ “လောကဝမ်းမြောက်၊ဘုရားကြွလာ”ဓမ္မတေးသီချင်းယနေ့ထိတိုင်ခရစ်စ္စမက်ချိန်ခါ ရောက်တိုင်း ကျွန်တော်တို့ချီးမွမ်းသီဆိုနေကြဆဲဖြစ်ပါသည်။ အင်္ဂလိပ်လိုကတော့“Joy to the world,the Lord is come”ဖြစ်သည်။ သီချင်းရေးစပ်သူကတော့ Isaac Wattsဖြစ်သည်။ ဆာလံကျမ်း ၉၆:၁၁-၁၂
နှင့် ၉၈:၄ကျမ်းပိုဒ်များကို အခြေခံပြီး ၁၇၁၉ ခုနှစ်တွင် ရေးစပ်ပြီးစီးခဲ့ပါသည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် ထိုသီချင်း၏လွှမ်းမိုးနိုင်မှုသည် မပျောက်ကွယ်သွားပေ။ သီချင်းစာသားဒုတိယအပိုဒ်မှာ…
“မြေကြီးဝမ်းမြောက်ယေရှုစိုးစံ၊ လူများသီချင်းဆိုစေ
လယ်ပြင်ပင်လယ်၊ကျောက်တောင်အသံ
(ပြန်၍မြည်ကြကုန်လေ)၃ ဟူ၍ဖြစ်သည်။
သီချင်းစာသားများသည် အင်မတန်မှထိမိ၍ အဓိပ္ပာယ်လေးနက်လှပါသည်။ ထို့ကြောင့် ခရစ်စ္စမက်ချိန်ခါတွင် Carol ဓမ္မသီချင်းများကို တန်ဖိုးထားခြင်းဖြင့် ဝမ်းမြောက်စွာသီဆိုချီးမွမ်းကြစို့။
ဖလားဆဲ