ခရစ်စ္စမက်လက်ဆောင်

Share

ခရစ်စ္စမက်လက်ဆောင်

3.12.2021(Friday)

ဟေရှယ ၉:၆” အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာတရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ခြင်းကို ခံတော်မူလိမ့်မည်”

လက်ဆောင်ဟူသောအရာသည် လူတိုင်း၏ဘဝတွင် တခါတရံ ရရှိတတ်ပါသည်။ တစ်ဦးနှင့်တစ်ဦးလက်ဆောင်ပေးခြင်းသည် အင်မတန်မှ မွန်မြတ်သောအရာဖြစ်ပေသည်။ လက်ခံရရှိသူအင်မတန်မှလိုချင်တောင့်တ သောလက်ဆောင်တစ်ခုဖြစ်ပါက အတိုင်းထက်အလွန် ပျှော်ရွှင်ဝမ်းမြောက်ခြင်းကို ခံစားရမည်ဖြစ်သည်။

ယခုလသည် သခင်ခရစ်တော်မွေးဖွားသောကာလဖြစ်သည့်အတွက်ကြောင့်ခရစ်စ္စမက်လက်ဆောင်ပေးရခြင်းအကြောင်းရင်းကို သိရပါမည်။ ပထမတစ်ခုကတော့ သခင်ယေရှုမွေးဖွားသည့်အခါတွင် အရှေ့ပြည်မှ ပညာရှိသုံးပါးသည် ရွှေ၊ လောဗန်၊ မုရန်ဟူသော လက်ဆောင်မွန်များကို ယူဆောင်လာခဲ့‌ သောကြောင့်ဖြစ်သည်။ ဒုတိယတစ်ခုကတော့ ဘုရားသခင်သည် သူ၏တစ်ပါးတည်းသော သားတော်ကို လောကလူသားများအတွက် လက်ဆောင်ပေးခဲ့ပါသည်။ ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်သော သခင်ယေရှုခရစ်တော်ကြောင့် လူသားအားလုံးကို အပြစ်၏အမှောင်ထုထဲမှ ကယ်တင်ပြီး ထာဝရလူဖြစ်စေခဲ့ပါသည်။ အင်မတန်မှ ဝမ်းမြောက်ဘွယ်ရာ သတင်းကောင်းဖြစ်ပါသည်။ ကမ္မာပေါ်တွင် တန်ဖိုးအကြီးဆုံးလက်ဆောင်မွန်ဖြစ်သော သခင်ခရစ်တော်ကို နှလုံးသားထဲ ခေါ်ဖိတ်လက်ခံပါက ခရစွမက်ချိန်ခါသာမက ဘဝတစ်ခုလုံးတွင် သင်နှင့်အတူရှိမည်ဖြစ်သည်။

ဖလားဆဲ