စစ်မှန်သောခရစ်ယာန်အိမ်ထောင်

Share

စစ်မှန်သောခရစ်ယာန်အိမ်ထောင်
30.11.2021(Tuesday)

မဿဲ ၁၉:၆“ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်။တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ထမ်းဘိုးတင်တော်မူသောအရာကို လူတို့မကွဲမကွာစေနှင့်ဟု မိန့်တော်မူ၏”

ယုံကြည်သူခရစ်ယာန်အိမ်ထောင်တိုင်းသည် စစ်မှန်သောခရစ်ယာန်အိမ်ထောင်သို့တတ်လှမ်းဖို့ရန် ရည်မှန်းချက်များထားရှိကြပါသည်။သို့သော် စစ်မှန်သောအိမ်ထောင်သို့တတ်လှမ်းရာတွင် မတူညီသောလူနှစ်ဦးပေါင်းစည်းခြင်းဖြစ်သည်အတွက်ကြောင့် မပြေလည်မှုများ၊ အခက်ခဲများ၊ ပွတ်တိုက်မှုများရင်ဆိုင်ကြုံတွေ့ရတတ်ပါသည်။
မင်္ဂလာဦးအစ၏ ဆောင်းပုဒ်မှာ“Home Sweet Home” ဖြစ်ပါသည်။ သို့သော်တစ်ချို့အိမ်ထောင်များသည် အိမ်ထောင်သက်ကြာလာသောအခါ “Home Fight Home” ရန်ဖြစ်သောအိမ်ထောင်များဖြစ်သွားကြပါတော့သည်။ ဆရာကြီးတစ်ယောက်၏ စစ်မှန်သောအိမ်ထောင်ဖြစ်ရန် အချက်(၄)ချက်ကို ဖော်ပြလိုပါ၏။ စစ်မှန်သောအိမ်ထောင်ဖြစ်ဖို့ရန်မှာ….
(၁)စိတ်ရှည်ခြင်း
(၂)သစွာရှိခြင်း
(၃)ကြင်နာခြင်း
(၄)ခွင့်လွှတ်ခြင်း ရှိရမည်ဟုပြောခဲ့ပါသည်။
ထို့ကြောင့် မိသားစုတိုင်းသည် စစ်မှန်သောခရစ်ယာန်အိမ်ထောင်ဆီသို့ တတ်လှမ်းခြင်းဖြင့်သာဘုရားဘုန်းတော်ထင်ရှားလာမည်ဖြစ်သည်။
ဖလားဆဲ