ယောဟန် 16:24 “ ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်းနှင့် စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့တောင်းလျှင်ရကြလိမ့်မည်။”
ခရစ်ယာန်အသက်တာတွင် ဆုတောင်းခြင်းသည် အင်မတန်မှ အရေးကြီးသော အရာဖြစ်ပါသည်။ ဆုတောင်းခြင်းအားဖြင့် မမြင်နိုင်သော စုံစမ်းနှောင့်ယှက်ခြင်းများကို ကျော်လွန်နိုင်မည်ဖြစ်သည်။ဆုတောင်းခြင်းအားဖြင့်အခြေအနေအရပ်ရပ်သည် ပြောင်းလဲ သွားနိုင်ပါသည်။ အခက်အခဲအကျပ်အတည်းကြားထဲ ပိတ်မိသောအချိန် ထွက်ပေါက် မရှိတော့ဟု ထင်ရသောအချိန်မျိုးတွင် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ထံ ချဉ်းကပ် ပါက ထွက်မြောက်ရာလမ်းကို တွေ့ရှိမည်ဖြစ်သည်။ အထူးသဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆုတောင်းခြင်းများကိုဘုရားသခင်သည်နားညောင်းတော်မူပါသည်။ သမ္မာကျမ်းစာထဲတွင် ဘုရားသခင်နှင့် အရင်းနှီးဆုံးပုဂ္ဂိုလ်များသည် ဆုတောင်းခြင်း အားကြီးသော သူများဖြစ် သည်။ ဒံယေလ၏ အသက်တာကိုကြည့်မည်ဆိုလျှင် တစ်နေ့(3)ကြိမ် ပုံမှန်ဆုတောင်း ခဲ့ပါသည်။ ထို့ကြောင့်လည်း ဘုရားသခင်သည်သူ့ကိုကြီးမားစွာ အသုံးပြုခဲ့တာကို တွေ့ရ မည် ဖြစ်သည်။ ဓမ္မဆရာကြီး D.L Moody က” ဆုတောင်းခြင်းအားဖြင့် ဘုရား သခင်ထံ မချဉ်းကပ်ပါက မည်သူမျှ မိမိအတွင်း၌ရှိသော ဆိုးညစ်မှုများ ယိုယွင်းမှုများကို အနိုင်ယူ နိုင်မည်မဟုတ်”ဟုပြောခဲ့ပါသည်။ ဆရာကြီးသည် အင်မတန်မှ ဆုတောင်းခြင်း အားကြီး သော သူဖြစ်ပါသည်။ ဆရာကြီး၏ အသက်တာတွင် ဆုတောင်းချက်ပေါင်း (၅၀၀၀၀၀) နီးပါးလောက် အဖြေရရှိခဲ့ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့အယောက်စီတိုင်းသည် ဆုတောင်းခြင်းအမှု၌ သာ၍ ကြိုးစား အားထုတ်ဖို့ တာဝန်ရှိပါသည်။ယနေ့ နေရာအသီးသီးတွင် ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများ လို အပ်လို့နေပါသည်။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများသည်အခြေအနေအရပ်ရပ်ကို ပြောင်းလဲနိုင်သည်ကို ယုံကြည်ရမည်ဖြစ်သည်။ယုံကြည်ခြင်းဖြင့်ဘုရားသခင်ထံ ချဉ်းကပ် ရမည် ဖြစ်သည်။ လူမတတ်နိုင်သောအရာများကို ဘုရားသခင်တတ်နိုင်ပါသည်။ ထို့ကြောင့် အားယူ၍ ဆုတောင်းခြင်းအမှုအရာတွင် ကြိုးစားအားထုတ်ကြပါစို့။