အားပေးတတ်သောမိခင်
26.11.2021(Friday)
သုတ္တံကျမ်း ၁၄:၁“ပညာရှိသော မိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့်ဖြိုဖျက်တတ်၏”
ခရစ်ယာန်အိမ်ထောင်တွင် ဖခင်ကဲ့သို့ မိခင်သည်အရေးပါသောကဏ္ဍတွင်ပါဝင်ပါသည်။အထူးသဖြင့် အားပေးတတ်သောမိခင်ရှိပါက သားသမီးများသည် အောင်မြင်ခြင်းလမ်းမထက်သို့ ရောက်သွားနိုင်ပါသည်။
Facebookထဲမှ စာရေးသူသဘောကျ၍ ရယ်ခဲ့ရ သောအကြောင်းလေးတစ်ခုကိုပြန်လည်ဝေငှလိုပါ၏။ တစ်ခါက ဘီလီယံနာသူဌေးတစ်ယောက်သည် မွေးနေ့ပါတီပွဲကျင်းပပါသတဲ့။ သူ၏ မွေးနေ့ပါတီပွဲကို ရေကန်အလယ်၌ရှိသော အဆောက်အဦးပေါ်တွင် ကျင်းပပါသည်။ ရေကန်၏ပတ်လည်တွင် မိချောင်းမြောက်များစွာ မွေးမြူထားပါသည်။ ထိုအချိန်တွင်သူက“ မိတ်ဆွေတို့…ဟောဒီအဆောက်အအုံပေါ်က ရေကန်ထဲခုန်ချပြီး ရေကန်ဘောင်ဆီအရောက်ကူးနိုင်တဲ့သူကို ဒေါ်လာနှစ်သန်းပေးမှာဖြစ်ပါတယ်။ မကူးနိုင်ဘဲ မိချောင်းကိုက်လို့ အသက်ဆုံးပါးသွားရင် ကျန်ရှိတဲ့မိသားစုကို ဒေါ်လာတစ်သန်းပေးမှာဖြစ်ပါတယ်…အစီအစဉ်ကိုစိတ်ဝင်စားသူတိုင်းပါဝင်နိုင်ပါတယ်”ဟုဖိတ်ခေါ်လိုက်ပါသည်။ မကြာမှီမှာပင် အမျိုးသားတစ်ယောက်သည်ဝုန်းကနဲခုန်ချသွားပါတော့သည်။ သူလည်း ကြောက်ကြောက်ဖြင့် ကူးခတ်ရာ ကန်ဘောင်သို့ရောက်သွားပါတော့သည်။ လူအများလည်း သူ၏ရဲစွမ်းသတ္တိအပေါ်လက်ခုပ်တီးဂုဏ်ပြုကြပါသည်။ သူဌေးကြီးလည်း သူဂတိအတိုင်းဒေါ်လာနှစ်သန်းချက်တန်လက်မှတ်ကို ပေးခဲ့ပါသည်။ထိုနောက်သူက “ကျွန်တော်ကိုနောက်က တွန်းချလိုက်တာ ဘယ်သူလည်း”ဟု မေးလိုက်ပါသည်။ အဲဒီအချိန်မှာ သူ၏လက်ထဲမှ ချက်လက်မှတ်ကိုယူပြီး ဆလင်းဘတ်ထဲထည့်လိုက်သောအမျိုးသမီးက“အဲ့ဒါ ကျွန်မဘဲ”ဟုပြောလိုက်ပါသည်။ ထိုအမျိုးသမီးသည် သူ၏ဇနီးဖြစ်နေပါတော့သည်။ တွန်းအားပေးသော ဇနီးကြောင့် ဒေါ်လာနှစ်သန်းပိုင်ဆိုင်သွားခဲ့ရပါသည်။ ထို့ကြောင့် အားပေးတတ်သော မိခင်သည် မိသားစုနှင့်ခင်ပွန်းအပေါ်တွင်စိတ်ဓါတ်ခွန်အားများပေးစွမ်းနိုင်သည်ဟု အားပေးလိုပါသည်။
ဖလားဆဲ