အသုံးခံလိုခြင်းတစ်ခုသာ
24.11.2021(Wednesday)
ဓမ္မရာဇဝင်(ပ) ၂:၈“ဆင်းရဲသောသူကို မြေမှုန့်ထဲက၎င်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက၎င်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏”
သမ္မာကျမ်းစာထဲတွင် ဘုရားသခင်သည် လူအနိမ့်အမြင့်အတန်းအစားမခွဲခြားဘဲ သူ၏ဘုန်းတော်ထင်ရှားစေဖို့ရန်အသုံးပြုတော်မူပါသည်။ အမှန်တကယ်တော့ ဘုရားသခင်၏အမှုတော်မြတ်ထဲပါဝင်ရခြင်းအခွင့်သည် ကျေးဇူးတော်သက်သက်သာဖြစ်ပါ၏။
ကျွန်တော်မိခင်အသင်းတော်နှင့် နီးသော အသင်းတော်တစ်ပါးရှိပါသည်။ ထိုအသင်းတော်တွင် ကျွန်တော်သည် အပတ်တိုင်းသွားရောက်၍ပါဝင်ဖြစ်ပါ၏။ ထိုအသင်းတော်သည် အရင်တုန်းကတော့ ဗမာပိုင်းနှင့် ကရင်ပိုင်းဟူ၍ သူအပိုင်းနှင့်သူခွဲခြားထားခဲ့လေသည်။ ၂၀၀၈ နာဂစ်မုန်တိုင်းတိုက်ပြီးနောက်ပိုင်းတွင် ရွာ၏လူဦးရေသုံးပုံတစ်ပုံသာကျန်ပါတော့သည်။ အသင်းတော်၌ရှိသောကရင်လူမျိုးအတော်များများလည်း ရေထဲပါသွားကြပါတော့သည်။ အသင်းတော်၏သင်းအုပ်ဆရာမိသားစုလည်း ပါသွားခဲ့ပါ၏။ သို့သော်အသင်းတော်၏ သင်းထောက်ဖြစ်သော ဖားတီအီမောလေး တစ်ယောက်သာကျန်ခဲ့ပါသည်။ အဘက်ဘက်မှယိုယွင်း၍အားနည်းမှုရှိသော အသင်းတော်ကိုယခုတိုင်အောင် သူသည်သစွာရှိစွာဖြင့် ကြည့်ရှုစောင့်ထိန်းပေးနေပါ၏။ သူသည် အမှုတော်ဆောင်မဟုတ်သော်လည်း သူ၏အသုံးခံလိုခြင်းနှင့် ဆက်ကပ်ခြင်းများကြောင့် အားနည်းသောအသင်းတော်သည် မပြိုလှဲမပျက်စီးသွားပေ။ တည်တံ့ခိုင်မြဲလို့နေပါသည်။ ထို့ကြောင့်ဘုရားသခင်၏အမှုတော်မြတ်တွင် အသုံးခံလိုသောနှလုံးသားရှိသူတိုင်းသည် ချီးမြှောက်ခြင်းကို ခံရမည်ဖြစ်ပါသည်။
ဖလားဆဲ