သင့်မြတ်ခြင်းမင်္ဂလာ
23.11.2021(Tuesday)
ရောမ ၁၂:၁၈“သင်တို့သည် တတ်နိုင်သမျှအတိုင်းလူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့”
လူတစ်ဦးနှင် တစ်ဦးသင့်မြတ်နေလျှင် ကမ္မာကြီးတစ်ခုလုံးသည် လှပလို့နေမည်ဖြစ်သည်။ သို့သော အချင်းချင်းမသင့်မြတ်ခြင်းကြောင့် စစ်ပွဲများ၊ ရန်ပွဲများ၊အမုန်းမီးလျှံများ၊လူသတ်မှုများသည် ဖြစ်ပျက်လို့နေပါသည်။
ရှင်ပေါလု၏ အမှုတော်မြတ်ခရီးတွင်အခက်အခဲအတားအဆီးမြောက်များစွာဖြင့် ရင်ဆိုင်ကြုံတွေခဲ့ရပါ၏။ အစွန်းရောက်ယုဒလူများ၏ကျောက်ခဲဖြင့် ပစ်သတ်ခြင်းကိုခံခဲ့ရပါသည်။ သို့သော် အသက်မသေဘဲ အမှုတော်မြတ်ကို အောင်မြင်စွာထမ်းရွက်ခဲ့ပါသည်။ မိမိအားမုန်းတီးသူ၊ ရန်ရှာသူများကိုလည်း အပြစ်မယူဘဲ ခွင့်လွှတ်ပေးခဲ့ပါသည်။ ရှင်ပေါလုသည် သူလိုက်လျှောက်သည့်အတိုင်းလိုက်လျှောက်ဖို့ရန် ယုံကြည်သူတိုင်းကို သွန်သင်ခဲ့ပါသည်။ ထိုအရာကတော့ လူအများနှင့် သင့်မြတ်စွာ နေထိုင်ပေါင်းသင်းတတ်ဖို့ရန်ဖြစ်သည်။ အထူးသဖြင့် ယုံကြည်သူခရစ်ယာန်အသက်တာသည် တစုံတစ်ယောက်အား မုန်းတီးခြင်းကို ရင်ဝယ်ပိုက်ထားပါက စိတ်နှလုံး၏ငြိမ်သက်ခြင်းဆုံးရှုံးမည်ဖြစ်သည်။ ထို့ကြောင့် အချင်းချင်းသင့်မြတ်မင်္ဂလာကို ယူတင်ဝတ်ဆောင်ခြင်းဖြင့် လောကကြီးကို အလှဆင်ကြစို့။
ဖလားဆဲ