မာန်မာန၏ရလဒ်

Share

မာန်မာန၏ရလဒ်

21.11.2021(Sunday)

သုတ္တံကျမ်း ၁၆:၁၈“မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌နေရာကျတတ်၏”

မာန်မာနသည် လူတစ်ယောက်၏ဘဝကို အရုပ်ဆိုးအကျဉ်းတန်စေသောအရာတစ်ခုဖြစ်ပါသည်။ မာန်မာနကြောင့် စာတန်မာနတ်သည် ဘုရားပေးသောဘုန်းနှင့် ကင်းကွာသွားပြီး ကျဆင်းသွားခဲ့ရပါသည်။ မာန်မာန၏ရလဒ်သည် မည်သူ့ကိုမှ ကောင်းကျိုးမဖြစ်စေပါ။

တစ်ချိန်တစ်ခါက လက်ဝှေ့လောကတွင် အင်မတန်မှကျော်ကြားသော လက်ဝှေ့ချန်ပီယံကြီး မိုဟာမက်အလီအကြောင်းကိုဖော်ပြလိုပါ၏။ သူ၏ လက်ဝှေ့စွမ်းရည်အပေါ်မှာလည်း အင်မတန်မှ ကြွားဝါ၍ မာန်မာနကြီးသူတစ်ယောက်ဖြစ်သည်။တစ်ခါက မိုဟာမက်အလီသည် ပြင်သစ်နိုင်ငံသို့ခရီးသွားရန် ခရီးသည်တင်ယာဉ် လေယာဉ်ဖြင့်လိုက်ပါခဲ့သည်။ သို့သော်သူ လေယာဉ်ခါးပတ်မပတ်ထားသည်ကို လေယာဉ်မယ်လေးတစ်ယောက်ကမြင်သောအခါ ခါးပတ်တပ်ဖို့ရန်ပြောပါသည်။ထိုအချိန်တွင် သူက“ငါက စူပါမန်း..ခါးပတ်ပတ်စရာမလိုဘူး”ဟု ပြန်ပြောပါသည်။ လေယာဉ်မယ်လေးလည်း ပြောမရသည့်အဆုံး ပြန်လာခဲ့ရပါသည်။ ယခုတော့ အင်မတန်မှမာနကြီး၍ ခွန်အားကြီးသော မိုဟာမတ်အလီသည် ပါကေဆန်ဟူသောရောဂါကိုခံစားရပြီး စကားတောင်ဖြောင့်ဖြောင့်မပြောနိုင်တော့သောဘဝသို့ရောက်ခဲ့ရပါပြီး။ မာန်မာကြီးခြင်းသည် ဘုရားမကြိုက်သောအရာဖြစ်သောကြောင့် ထိုအရာကို ကျွန်တော်တို့၏အသက်တာထဲမှ ဖယ်ရှားကြစို့။

ဖလားဆဲ