သင်၏ဖြစ်တည်မှု
20.11.2021(Saturday)
ဆာလံကျမ်း ၁၃၈:၁၄“အကျွန်ုပ်သည် ကြောက်မက်ဘွယ်သောလက္ခဏာ၊ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကိုချီးမွမ်းပါမည်”
အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်းဆင်းတော်မူသည်။ ထို့နောက် လောက၌ရှိရှိ သစ်ပင်ပန်းမန်၊ တောရိုင်းတိရစ္ဆာန်၊ ကုန်းနေ၊ရေနေ သတ္တဝါများကိုဖန်ဆင်းခဲ့ပါ၏။ နောက်ဆုံးတွင် သူ၏ပုံသဏ္ဍန်နှင့်အညီလူကို ဖန်ဆင်းခဲ့ပါသည်။
ဖန်ဆင်းသမျှအရာအားလုံးထဲတွင် လူကိုဘုရားသခင်သည် အမြင့်ဆုံးချီးမြှောက်ခဲ့သည်။ မြေမှုန့်ဖြင့် လူကိုဖန်ဆင်းပြီး ဇီဝအသက်ကိုမှုတ်သွင်းကာ အသိဉာဏ်ရှိသော လူသားဖြစ်လာခဲ့ပါသည်။ လူကို အလွန်ထူးဆန်းသော အံ့ဩဘွယ်လက္ခဏာများဖြင့်ဖန်ဆင်းခဲ့ပါသည်။ စာရေးသူကိုယ်တိုင်မိမိ၏လူသားဖြစ်ခြင်း၏ ဖွဲ့စည်းပုံများကိုအလုံးစုံနားမလည်နိုင်ပါ။ သို့သော် စာအုပ်တစ်အုပ်တွင်သိပ္ပံပညာရှင်တစ်ယောက်၏ လူသားဖွဲ့စည်းပုံလေ့လာတွေ့ရှိချက်ကိုဖော်ပြလိုပါ၏။
(၁)လူတွင် အရိုးပေါင်း(၂၃၆)ချောင်းရှိပါသတဲ့။
(၂)လူ၏သွေးကြောများသည် မိုင်ပေါင်း(၉၇၀)တောင်ဆွဲဆန့်နိုင်ပါသည်။
(၃)ကြွက်သားဆိုင်(၆၀၀)အထိရှိပါသည်။
(၄)နားကြားနိုင်ဖို့ရန် အာရုံခံအမွှေးအမျှင်(၂၀၀၀၀)အထိရှိပါသည်။
(၅)နှလုံးသည် တစ်နာရီလျှင် အကြိမ်ပေါင်း(၂၄၀၀)ခန့်လောက်ရှိပါသည်။
လူတစ်ယောက်ဖြစ်လာဖို့ရန် ဘုရားသခင်သည် အင်မတန်မှအသေးစိတ်ပြုပြင်ဖန်ဆင်းခဲ့သည်။ သို့သော် လူကိုဖန်ဆင်းရခြင်းရည်ရွယ်ချက်သည် ဘုရားဘုန်းတော်ထင်ရှားစေဖို့ရန်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကိုတန်ဖိုးထားပြီး ဘုရားဘုန်းတော်ထင်ရှားစေခြင်းဖြင့် လောကအတွက်အလင်းဖြစ်စေကြဖို့ဖြစ်ပါ၏။
ဖလားဆဲ