ငွေကိုတပ်မက်ခြင်း၏ရလဒ်

Share

ငွေကိုတပ်မက်ခြင်း၏ရလဒ်

19.11.2021(Friday)

၁တိ ၆:၁၀“လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ပူပန်ခြင်းဝေဒနာများနှင့်ကိုယ်ကိုကိုယ် ထုတ်ချင်းခတ်အောင်ထိုးကြပြီး”

လောကကြီးထဲအသက်ရှင်ရသည့်အချိန်တွင် ကျွန်တော်တို့နေ့စဉ်နေထိုင်စားသောက်ဖို့ရန် ငွေကြေးသည်အရေးပါသော ဂဏ္ဍတွင်ပါဝင်ပါသည်။။နှုတ်ကပတ်တော်သမ္မာကျမ်းစာကတော့ ငွေကိုတပ်မက်ခြင်းမရှိစေဖို့ရန် သတိပေးထားပါသည်။ ဘုရားသခင်ကို ယုံကြည်ကိုးစားသူတိုင်းအတွက် လိုအပ်သောအရာများကို ဘုရားသခင်သည် ဧကန်အမှန်ပေးမည်ဟု ဂတိတော်ရှိပါသည်။

ကမ္ဘာကျော်(Time)သတင်းစာကို တည်ထောင်သောသူများမှာ ဟေဒင်နှင့်လူစီတို့ဖြစ်ပါ၏။ သူတို့သည် သတင်းနှင့်မီဒီယာအားဖြင့် ကြွယ်ဝချမ်းသာလာဖို့ရန် ကြိုးစားကြပါသည်။ သူတို့၏ရည်ရွယ်ချက်မှာ အသက်(၃၀)မတိုင်ခင် ကြွယ်ဝချမ်းသာဖို့ရန် သံဓိဌာန်ချပြီး အပြင်းအထန်ကြိုးစားအားထုတ်ကြပါသည်။ ဟေဒင်သည် မိမိ၏ကျန်းမာရေးကိုဂရုမစိုက်အားတော့ဘဲ သတင်းအချက်အလက်များရရှိရန် ညမအား၊နေ့မအား ကြိုးစားခဲ့သည်။ သို့သော်လည်း တနေ့တွင် ဟေဒင်သည် လည်ချောင်းအနာဖြစ်ပြီး ဖျားနာကာ ဆေးရုံတတ်ရပါတော့သည်။ သူဆေးရုံတတ်စဉ်တွင် လူစီသည်သူ့ထံ သတင်းကောင်းတစ်ခုယူဆောင်လာပါသည်။ထိုသတင်းကောင်းကတော့ “ဟေဒင် မင်းသန်းကြွယ်သူဌေးဖြစ်ပြီး”ဟူ၍ဖြစ်သည်။ သို့သော် ဟေဒင်သည်သူ၏ကြိုးစားအားထုတ်မှုအသီးအပွင့်များမခံစားခဲ့ရဘဲ အသက်(၃၀)မတိုင်ခင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားခဲ့ပါသည်။ သူလိုချင်တပ်မက်သော ငွေကြေးများက သူ့အသက်ကို မကယ်နိုင်ခဲ့ပါ။ ထို့ကြောင့်ငွေကြေးတပ်မက်ခြင်းသည် လူကိုပျက်စီးစေနိုင်သောကြောင့် ရောင့်ရဲသောစိတ်ဖြင့် ဘုရားအလိုသခင်၏အလိုတော်နှင့်အညီ အသက်ရှင်ကြစို့။

ဖလားဆဲ