ကယ်တင်တော်မူလိမ့်မည်
18.11.2021(Thursday)
ဆာလံကျမ်း ၁၂၁:၈“ထာဝရဘုရားသည် သင်၏ထွက်ခြင်းနှင့်ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ်စောင့်တော်မူလိမ့်မည်”
ကျွန်တော်တို့နေ့ရက်စဉ်တိုင်းရှင်သန်ရခြင်းအခွင့်သည် ဘုရားသခင်၏ကျေးဇူးတော်သက်သက်သာဖြစ်ပါသည်။ သေခြင်းတရားသည် မထင်မှတ်သောအချိန်၊ မထင်မှတ်သောနေရာတွင် တခနအတွင်းရင်ဆိုင်ရနိုင်ပါသည်။
ကျွန်တော်၏ဘဝတွင်လည်း သေခြင်းနခမ်းဝနှင့် ကြုံတွေ့ဖူးပါသည်။ တစ်ခါက ကျွန်တော်၏အကိုသည် အခြားရွာတစ်ရွာသို့ စက်လှေဖြင့် စက်ပစွည်းတစ်ခုသွားပို့ခိုင်းပါသည်။ သွားစဉ်တွင် စက်မောင်းရန် ကြိုးပြတ်သဖြင့် ဒုက္ခရောက်ပြီး စက်လှေမျောသွားပါတော့သည်။ သို့သော် အခြားလှေတစ်ဆင်းမှ အကိုကကူညီသဖြင့်ရွာသို့ပြန်ရောက်ခဲ့ပါသည်။ ရွာသို့ပြန်ရောက်သည့်အခါတွင် စက်လှေကြိုးချည်ရန် မေ့သွားပြီး အိမ်သို့ပြန်လာခဲ့ပါသည်။ များမကြာမှီပင် စက်လှေသည် မြစ်ထဲတွင် မျောသွားပါသည်။ ကျွန်တော်လည်း ထိုစက်လှေကို မှီမည်အထင်ဖြင့် ကူးခတ်ကာ လိုက်ခဲ့ပါသည်။ သို့သော် ကျွန်တော်သည်မကြာမှီပင် ခြေကုန်လက်ပန်းကျလာပြီး ရေဆက်မကူးနိုင်တော့ဘဲ ရေနစ်သွားပါတော့သည်။ ထိုအချိန်တွင် ကျွန်တော့်စိတ်ထဲ တစ်ခုဆုတောင်းလိုက်ပါသည်။ “ဘုရားသခင်…ကျွန်တော်ကိုကယ်တော်မူပါ”ဟူ၍ဖြစ်သည်။ ကျေးဇူးတော်ကြောင့် စက်လှေသည် ချောင်းအလယ်၌စိုက်ထားသော တိုင်တစ်လုံးနှင့် ညှိမိသွားသဖြင့် ရပ်သွားပါသည်။ ကျွန်တော်လည်းရှိသမျှအားဖြင့် ပြန်လည်ကူးခတ်ပြီး စက်လှေပေါ်တတ်နိုင်ဖို့ရန် အကြိမ်ကြိမ်ကြိုးစားပြီးမှ ရောက်ခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အသက်ဘေးမှလွတ်မြောက်ခဲ့ပါသည်။ ထိုအတူပဲစာဖတ်သူ အယောက်စီတိုင်း၏ အသက်တာတွင်လည်း အသက်ဘေးမှလွတ်မြောက်ခြင်းအကြောင်းကို တပါးသူများအားလည်း ပြန်လည်ဝေမျှသက်သေခံသောသူများဖြစ်ကြပါစို့။
ဖလားဆဲ
Website>>https://www.plarhser.com/archives/323/