ပုံသက်သေကောင်း

Share

ပုံသက်သေကောင်း

15.11.2021(Monday)

၁ပေ ၅:၃“အသီးသီးအုပ်သော အသင်းတော်တို့ကိုအာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စု ရှေ့မှာပုံသက်သေကိုပြသောသူဖြစ်ကြလော့”

ဆုံးပါးသွားပြီးဖြစ်သောကျွန်တော်တို့အသင်းတော်မှ သင်းအုပ်ဆရာဟောင်း၏အတုယူစရာများစွာထဲမှ တစ်ခုကိုဖော်ပြလိုပါ၏။ဆရာ့အမည်က မောင်မောင်မြဟု‌ ခေါ်ပါသည်။ဆရာသည် စကားနည်း‌သော်လည်းဟာသညာဏ်ရှိသူဖြစ်သည်။ သူသက်ရှိထင်ရှားရှိစဥ် ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝတုန်းက သူက…“ဖလားဆဲ မင်းဘာတွေလုပ်နေလဲ” တွေ့တိုင်းအမြဲမေးပါသည်။ တစ်ခါက ကျွန်တော်ရယ် သူရယ် ညီလေးတစ်‌ယောက်ရယ် ရွှေပြည်သာက အသင်းတော်အတွက် နေစရာအိမ်ဆောက်ဖို့ သွားကြသည်။ ရောက်‌သောအခါတွင် သူက မှာစရာဝါးတွေ ပီနံကြိုးတွေ စတင်ဝယ်ပါတော့သည်။ ကျွန်တော်တို့လည်း

စထမ်းကြပါ၏။ နောက်ဆုံးအကြိမ် ဝါးထမ်းသောအခါတွင် သူနှင့်ကျွန်တော်ပဲ ကျန်ပါတော့သည်။ ထိုအချိန်တွင် သူကကျွန်တော်ထမ်းရမဲ့ဝါးတွေပါ အကုန်ထမ်းသွားပါတော့သည်။ ကျွန်တော်သိလိုက် သောအရာတစ်ခုမှာသူ့၏အနစ်နာခံစိတ်ဖြစ်သည်။။ ကျွန်တော်ယနေ့အထိ ထိုအဖြစ်အပျက်ကိုခေါင်းထဲ မှတ်မိ‌ နေဆဲပင်ဖြစ်သည်။ ဆရာသည် ကျွန်တော်တို့အသင်းတော်တွင် မရှိတော့သောငြားလည်း သူ၏အသက်ရှင်မှုများသည် ကျွန်တော့်အတွက်အတူယူစရာပုံသက်သေကောင်းဖြစ်စေခဲ့ပါသည်။ ပုံသက်သေကောင်းသည် ကျွန်တော်တို့၏ စကားလုံးများထက် အသံပိုကျယ်သည်ဟု အားပေးလိုပါသည်။

ဖလားဆဲ