ကလေးများကိုနွေးထွေးသောမေတ္တာပေးပါ

Share

ကလေးများကိုနွေးထွေးသောမေတ္တာပေးပါ

14.11.2021(Sunday)

ဆာလံကျမ်း ၁၂၇:၃“ဘွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစွာဖြစ်ကြ၏”

ခရစ်ယာန်အိမ်ထောင်တည်ဆောက်ရာတွင် နွေးထွေးမှုသည်လိုအပ်ပါသည်။ အထူးသဖြင့် မိဘ၏နွေးထွေးမှုကို ကလေးများသည် တောင့်တကြပါသည်။

စာရေးသူအကို၏သားသည် အသက်(၂)နှစ်မျှသာ ရှိသေး၍ စကားလည်းကောင်းမွန်စွာမပြောသေးတတ်‌ပါ။ သို့သော် သူအား‌နွေးထွေးမှုပေးသောသူကို ခံစားသိရှိနိုင်ပါသည်။ ကလေးအရွယ်ပင် ဖြစ်လင့်ကစား လျော့တွက်လိုမရပါ။ အရာရာကို ခံစားသိရှိနားလည်နိုင်ပါသည်။ လွန်ခဲ့သော အေဒီ(၁၃)ရာစုနှစ်တွင် ဂျာမနီနိုင်ငံကို Frederick II ဘုရင်အုပ်စိုးခဲ့သည်။ သူသည် ကလေးသူငယ်များ၏ စိတ်ဓါတ်ဖွံ့ဖြိုးမှုကို သိရှိနိုင်ရန် စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါသည်။ စမ်းသပ်ပုံကတော့ မိခင်ရှိသောကလေးသူငယ်တစ်ဖွဲ့နှင့် မိခင်မဲ့ကလေးသူငယ်တစ်ဖွဲ့ကို အခန်းတစ်ခန်းစီသပ်သပ်ထားပြီး၊ ပြုစုစောင့်ရှောက်ရန် သူနာပြု(Nurse)များကို အပ်ထားသည်။ သူနာပြုများမလုပ်ရသောအရာမှာ ကလေးများအား စကားတစ်ခွန်းမှမပြောရန်ဖြစ်သည်။ ကျန်သောအရာများကို ကလေးများအား ပြုစု‌ပေးစေသည်။ အချိန်ကာလကြာလာသောအခါ ကလေးနှစ်ဖွဲ့ကိုအတူတူတွေ့ဆုံရန် စီစဉ်ခဲ့သည်။ ထူးခြားသောအချက်မှာ မိခင်နှင့်အတူနေ၍ ကြီးပြင်းလာသောကလေးများ၏ စိတ်ပိုင်းဆိုင်ရာသည် တိုးတတ်ဖွံ့ဖြိုးလာသည်။ သို့သော မိခင်မဲ့ကလေးများသည် စိတ်ပိုင်းဆိုင်ရာမှာ ဝမ်းနည်းသော၊ ကြောက်တတ်သောအမှုအရာများကို တွေ့ရသည်။ စာရေးသူအနေဖြင့် အဓိကပြောလိုသည်မှာ ကလေးများသည် နွေးထွေးသောမေတ္တာကို အထူးလိုအပ်ပါသည်။ မိမိရှိသည့်နေရာမှ နွေးထွေးသောမေတ္တာကို လိုအပ်သောကလေးများအား ပေးကြရအောင်။

ဖလားဆဲ