ဖခင်ဟူသည်

Share

ဖခင်ဟူသည်

13.11.2021(Saturday)

၁တိ ၅:၈“ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏”

မိသားစုတစ်စုတွင် ဖခင်သည် မိခင်ကဲ့သို့ အရေးပါ‌သောသူဖြစ်သည်။ ဖခင်သည် မိသားစု၏ စားဝတ်နေရေးနှင့် လူတန်းစေ့နေနိုင်ရေးအတွက် ကြိုးစားရုန်းကန်ရသူဖြစ်သည်။

ကျွန်တော်နှင့် ညီအကိုဝမ်းကွဲ‌တော်သော ညီလေးတစ်ယောက်သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ကျသွားပါသည်။ သူက ကျွန်တော်ကို“အကို‌ရေ…ကျွန်တော်က ပညာမတတ်ပေမဲ့လည်း သားနဲ့သမီးကို ပညာတတ်ကြီးဖြစ်အောင်ထားမယ်”ဟုစိတ်အားထက်သန်စွာပြောပါသည်။ ခက်ခက်ခဲခဲဖြင့် ကြိုးစားရုန်းကန်ပြီး မိသားစုတာဝန်များကို ကျေပွန်စွာ လုပ်ဆောင်ပါသည်။ ထို့အပြင် ညအိမ်‌ထောင်ဝတ်ပြုခြင်းကိုလည်း ပုံမှန်လုပ်ဆောင်ကြသည်။ သူ၏မိသားစုကမ္ဘာလေးသည် ငွေကြေး၊ဥစွာဓနဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ သမ္မာတရား၌တည်ဆောက်ထားသောကြောင့် သာယာပျော်ရွင်သောအသိုက်အမြုံတစ်ခုပမာပင်ဖြစ်‌ပေသည်။ ဖခင်၏ တာဝန်သည် သားသမီးများအားရုပ်ပိုင်းစိတ်ဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအထိ အဓိကထားပြီးလုပ်ဆောင်ပေးဖို့လိုပါသည်။ ဖခင်တစ်ယောက်၏ ဆုံးမစကား၊ အားပေးစကားများသည် သားသမီးများအတွက် စိတ်ဓါတ်ခွန်အားသာမက စိတ်ချလုံခြုံမှုကိုပါ ဖြစ်စေပါသည်။ ဖခင်ဟူသည် မိသားစုအတွက် စံပြပုံရိပ်တစ်ခုဖြစ်သောကြောင့် မိမိ၏ တာဝန်ဝတ္တရားများကို ကျေပွန်သော ဖခင်များအဖြစ် လျှောက်လှမ်းမှသာ ကောင်းချီးမင်္ဂလာခံစားရသောအိမ်ထောင်များဖြစ်လာမည်ဖြစ်သည်။

ဖလားဆဲ