(၈)ကောင်းမြတ်တော်မူသောဘုရား

Share

ဆာလံ ၁၃၆:၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ဂရုဏာတော် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့

ဘုရားသခင်၏ကောင်းမြတ်ခြင်းများသည် ကျွန်ုပ်တို့၏ ဘဝအသက်တာ တွင် ကုန်ဆုံး၍မသွားပါ။ တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီး တစ်ရက်နေထိုင်စား‌ သောက် ရသော အခွင့် ကို ပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်များကို ရေတွက်ချီးမွမ်း ရမည် ဖြစ် သည်။ တစ်ချို့ ကတော့ ကောင်းစားသောအချိန်တွင် ဘုရားသခင်အား ချီးမွမ်းပြီး ဒုက္ခ အခက်အခဲ ရောက်သောအခါ မချီးမွမ်းနိုင်တော့ပေ။

အိုင်ယာပြည်မှ ဂျိုးဇက်စတီဗင်ဆိုသူသည် နာမည်ကြီးတြိနီတိကောလိပ်မှ အောင်မြင် ပြီးနောက် အိမ်ထောင်ပြုရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော် လက်ထပ်ခါနီးမှာပင် သူနှင့် လက်ထပ် မည့်အမျိုးသမီးသည် ရေနစ်သေဆုံးသွားခဲ့ရပါသည်။ ထို့ကြောင့်သူသည် သူ့ တိုင်းပြည်မှ ထွက်ခွာခဲ့ပြီး ကနေဒါပြည်သို့ (၁၈၄၅) ခုနှစ်တွင် ရောက်ခဲ့သည်။ စီးပွားရေး ကောင်းကောင်း မလုပ်ဘဲ ဆင်းရဲသားများ အသက်ကြီးသူများ မိဘမဲ့များကို သူ့အတွက် ဘာမျှမချန်ဘဲ ကူညီ ခဲ့တာကြောင့် လူအများက သူ့ကို ရူးနေပြီဟု ထင်ကြ သည်။ သို့သော်   (၁၈၅၅)ခုနှစ်တွင် သူ့ မိခင် ၏ အသည်း အသန်ဖြစ်ခြင်း ကြေးနန်းစာ ကို ရရှိသည့်အခါမှာ စာတိုလေးဖြင့် သီချင်း တစ်ပုဒ်ကို စပ်ဆိုခဲ့ပါသည်။ ထိုသီချင်းအားဖြင့် ယနေ့တိုင်အောင် လူသန်းပေါင်းများစွာတို့ကို နှစ်သိမ့်ပေးနိုင်ခဲ့ပါသည်။ ထိုသီချင်းကတော့ ကျွန်ုပ်တို့ ဒုက္ခများ အတွက် ခရစ်တော် ခံသွားကြောင်း ကို ဖော်ပြသည့်” မိတ်ဆွေ ယေရှူ ကျူး” ဖြစ်ပါ သည်။ သူ၏ဘဝကို ကြည့်ခြင်းအားဖြင့် သူသည် မည်သို့သော ဘဝ မုန်တိုင်းဒဏ် ခံရသော်ငြား လည်း ဘုရားသခင်၏ ကောင်းမြတ် ကြောင်းကို ချီးမွမ်း နိုင်ခဲ့ ပါသည်။

ထိုအတူပဲ ကျွန်ုပ်တို့အယောက်စီတိုင်းသည်လည်း  ခက်ခဲသည်ဖြစ်စေ အဆင်ပြေ သည်ဖြစ်စေမပြေသည်ဖြစ်စေဘုရားသခင်၏ကောင်းမြတ်ခြင်းကိုအစဉ်အမြဲ ကြွေးကြော် သော သူများ ဖြစ်နိုင်ဖို့ရန် ကြိုးစားအားထုတ်ကြပါစို့။

ဖလားဆဲ